ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ ခေါင်းဆောင် လျူဟဲသည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့...
မနီလာ၊ဩဂုတ်၂၅ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Sulu ပြည်နယ် Joloမြို့တွင် ဩဂုတ်၂၄ ရက်က ဖောက်ခွဲတိုက်ခိုက်မှုနှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၅ ဦး သေဆုံးပြီး ဒဏ်ရာသူ ၇၅ ဦး ရှိကြောင်းသိရသည်။
ရန်ကုန် ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် စေတနာ့ ဝန်ထမ်းလူငယ်များ အလှည့်ကျ တစ်လခန့်ကြာ လုပ်အားပေး တာဝန် ထမ်းဆောင်ရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) တစ်နိုင်ငံလုံးတွင် COVID-19 ကိုဗစ်ဒုတိယလှိုင်းမဖြစ်အောင် အားလုံးပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဟန့်တားနိုင်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေများနှင့်စပ်လျဉ်း၍ ယနေ့ညပိုင်း၌ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင်...
ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် ၉ ခုတွင် ရေကြီးရေလျှံမှုများကြောင့် ယနေ့ မွန်းလွဲပိုင်းအထိ လူဦးရေ ၁၉,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး သေဆုံးသူ လေးဦး ရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ...
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ(၁၁) ဦးထပ်မံတွေ့ရှိသဖြင့် အတည်ပြုလူနာစုစုပေါင်း ၄၇၄ ဦးထိရောက်ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသားများအတွက် ဗီဇာအဆင်ပြေစွာ လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ယနေ့ ဩဂုတ် ၂၄ ရက်စွဲဖြင့် ထုတ်ပြန် အကြောင်းကြားခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) မြန်မာ-ထိုင်း နယ်စပ်ရှိ သံလွင်မြစ်ကူး ကြိုးတံတား (တာဆန်းတံတား) တည်ဆောက်ခြင်း စီမံကိန်း တွင် အသုံးပြုရန် သြစတြီးယား နိုင်ငံ UniCredit Bank ထံမှ အတိုးမဲ့ချေးငွေ ယူရိုငွေ ၈ ဒသမ ၄ သန်း ရယူရေးအတွက် ဆောက်လုပ်ရေး...
နေပြည်တော်၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက ပြည်ထောင်စု အဆင့် အဖွဲ့အစည်း အသီးသီးတို့၏ စီမံကိန်း လုပ်ငန်းများမှ စီမံကိန်း တန်ဖိုး စုစုပေါင်း ကျပ် ၄၉၃ ဘီလီယံကျော် (ကျပ်...