Connect with us

MYANMAR

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၁၁ဦးထပ်မံတွေ့ရှိ ၊ စုစုပေါင်း ၄၇၄ ဦးထိ ရောက်ရှိလာ

OVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများတပ်ဆင်၍ သွားလာနေကြသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်  ယနေ့ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ(၁၁) ဦးထပ်မံတွေ့ရှိသဖြင့်  အတည်ပြုလူနာစုစုပေါင်း ၄၇၄ ဦးထိရောက်ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀၆၈)ခုအား စစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြုလူနာ(၁၁)ဦးတွေ့ရှိခဲ့ကြောင်း ၊ အဆိုပါ တွေ့ရှိသော လူနာသစ်များတွင် ရခိုင်ပြည်နယ်မှ (၉)ဦး၊ မွန်ပြည်နယ်မှ (၁)ဦးနှင့်  ရန်ကုန်တိုင်းဒေသကြီးမှ (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။

OVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ်  နှာခေါင်းစည်းများတပ်ဆင်၍ သွားလာနေကြသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်မှ ရောဂါပိုးတွေ့ရှိသူသည် ပြည်ပသို့ခရီးသွားလာခြင်းမရှိသလို ရောဂါပိုးရှိသူနှင့် ထိတွေ့ထားခြင်းလည်းမရှိသူဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အလားတူ ရခိုင်ပြည်နယ်အတွင်း တွေ့ရှိသူများထဲတွင်  ပြည်ပသို့ခရီးသွားလာခြင်းမရှိသလို ရောဂါပိုးရှိသူနှင့် ထိတွေ့ထားခြင်းလည်းမရှိသော စစ်တွေမြို့မှ ၂ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၃ ဦး ပါဝင်ကြောင်း၊ ကျန်ရောဂါပိုးကူးစက်ခံရသူများသည် ပြည်ပသို့ခရီးသွားလာခြင်းရှိသူ နှင့် ရောဂါပိုးရှိသူ နှင့် ထိတွေ့ထားသူများဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၄၁)ဦး ရှိပြီး ၎င်းတို့အနက် (၃၃၅) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ် ၍ စောင့်ကြပ်ကြည့်ရှုထားကြောင်း နှင့် ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)