Connect with us

Politics, Law & Military

မြန်မာနိုင်ငံသားများအတွက် ဗီဇာအဆင်ပြေစွာ လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ထုတ်ပြန်

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံသားများအတွက် ဗီဇာအဆင်ပြေစွာ လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ယနေ့ ဩဂုတ် ၂၄ ရက်စွဲဖြင့် ထုတ်ပြန် အကြောင်းကြားခဲ့သည်။ 

အဆိုပါ ထုတ်ပြန်ချက်တွင် COVID-19 ကူးစက်ရောဂါ ကာကွယ် ၊ ထိန်းချုပ်နေစဉ်ကာလအတွင်း နှစ်ဦးနှစ်ဖက် ပိုမိုအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် တရုတ် နိုင်ငံအနေဖြင့် သြဂုတ်၂၂ ရက်မှ စ၍ သက်တမ်းရှိ တရုတ်နိုင်ငံနေထိုင်ခွင့်လက်မှတ် (အလုပ်၊ ကိုယ်ရေးကိစ္စ၊ ဆွေမျိုးလည်ပတ်ခြင်း စသော နေထိုင်ခွင့်လက်မှတ်)ကိုင်ထားသောမြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံရုံး(သို့)မန္တလေးကောင်စစ်ဝန်ချုပ်ရုံးသို့ တရုတ်ပြည်ဝင်ခွင့်ဗီဇာအခမဲ့ လာရောက်လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။ 

သက်ဆိုင်ရာလျှောက်ထားသူသည် ၅ ရက်အတွင်း စစ်ဆေးထားသော COVID-19 Nucleic acid test(Negative Result) ကို ကိုင်ဆောင်ကာ လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ဝင်ရောက်ရမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ရောက်ရှိချိန်တွင် သတ်မှတ်ထားသောကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်း စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။ 

COVID-19 ကူးစက်ရောဂါသည် တစ်ကမ္ဘာလုံးတွင် လျင်မြန်စွာပျံ့နှံ့နေသောကြောင့် တရုတ်နိုင်ငံအစိုးရသည် ၂၀၂၀ ပြည့်နှစ် မတ် ၂၈ ရက်တွင် သက်တမ်းရှိသေးသော တရုတ်ဗီဇာဖြင့် နေထိုင်ခွင့်လက်မှတ်ကိုင်ထားသော နိုင်ငံခြားသားများ တရုတ်နိုင်ငံသို့ဝင်ရောက်ခြင်းကို ခေတ္တပိတ်ထားလိုက်ကြောင်း ၊ သို့သော် အရေးတကြီးစီးပွားရေးလုပ်ငန်းများ၊ နည်းပညာလုပ်ငန်းများနှင့်ကိုယ်ရေးကိုယ် တာ အရေးကြီးကိစ္စရပ်များအတွက် တရုတ်နိုင်ငံသို့သွားရောက်ရန်ရှိသည့် နိုင်ငံခြားသားများအတွက် ဗီဇာလျှောက်ထားခြင်းကို ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။ (Xinhua)