ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယခုကာလသည် မြစ်ရေနည်းချိန်ဖြစ်သောကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနအနေဖြင့် ချင်းတွင်းမြစ်အတွင်းပြေးဆွဲလျက်ရှိသော သင်္ဘောခရီးစဉ်များအား လက်ရှိကာလတွင်ရပ်နားထားကြောင်း၊ ဧရာဝတီမြစ်အတွင်းခရီးစဉ် အနေဖြင့် ကုန်ပစ္စည်းများအတွက် မန္တလေး-ဗန်းမော်ခရီးစဉ်အားပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ရေကြောင်းဌာနမှူးချုပ် ဦးမြင့်သန်းထွန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။
လီမာ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပီရူးနိုင်ငံ အစိုးရသည် စေတနာ့ဝန်ထမ်းတစ်ဦး ဖျားနာမှုလက္ခဏာကို ဖြေရှင်းပြီးနောက် China National Pharmaceutical Group သို့မဟုတ် Sinopharm မှထုတ်လုပ်သော COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများ ပြန်လည်စတင်ရန် ခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး...
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဥရောပသမဂ္ဂ (EU) တွင် ခရစ္စမတ်ပြီးနောက် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း စတင်သွားမည် ဖြစ်ကြောင်း အီးယူ အမှုဆောင်အရာရှိချုပ် Ursula von der Leyen က ဒီဇင်ဘာ ၁၇ ရက်တွင်...
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် တိုင်းရင်းသားဒေသအလိုက် စာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေပေါင်း ၆၇ ခု အထိသင်ကြားခွင့်ရရှိရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အတည်ပြုပြီးဖြစ်ကြောင်း၊ ယင်းစာပေများကို ၂၀၂၁-၂၀၂၂ စာသင်နှစ်တွင် သင်ကြားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာပေများသင်ကြားမည့် ဆရာ၊ဆရာမများလည်းခန့်ထားရန် အသင့်စီစဉ်ပြီးဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဆင်ဟွာသို့...
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန် သက်တမ်းနှစ်ပေါင်းရာချီရှိပြီး ယခုအခါတွင် လေ့ကျင့်ခန်းပုံစံတစ်ခုအဖြစ် ရေပန်းစားလျက်ရှိသော တရုတ် ထိုက်ချိကိုယ်ခံပညာရပ်ကို ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က လူသားမျိုးနွယ်ကို ကိုယ်စားပြုသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဒီဇင်ဘာ ၁၇ ရက် ပေကျင်းစံတော်ချိန်...
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သော Chang’e-5 အာကာသယာဉ်၏ လမျက်နှာပြင်မှ နမူနာပစ္စည်းများ ပြန်လည်သယ်ဆောင်လာသည့်အခန်းသည် ပေကျင်းမြို့တော်ရှိ တရုတ် အာကာသနည်းပညာအကယ်ဒမီသို့ ပြန်လည်ရောက်ရှိလာသည်ကို ပြည်သူများ ဝိုင်းဝန်းကြိုဆိုခဲ့ကြသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ပြည်တွင်းလေဆိပ်တွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသော ပြည်တွင်းလေကြောင်းလိုင်းငါးခုအနက် သုံးခု စတင်ပြေးဆွဲပျံသန်းနေပြီဖြစ်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL)က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မြန်မာနိုင်ငံတွင် အိမ်ထောင်စုများ၏ ၄၉.၃ရာခိုင်နှုန်းခန့်ကသာ အစာအုပ်စုစုံလင်စွာစားသုံးနေရကြောင်း မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေး စစ်တမ်း (၂၀၁၇-၁၈)အရ သိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ကျင်းပသော မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့်ဦးဆောင်ကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး၌...
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ(၂၃,၁၈၈) ခုအား စစ်ဆေးရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၈၂) ဦး တွေ့ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညပိုင်း ထုတ်ပြန်သော စာရင်းများအရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်၊ ရုပ်သံ/စုဝင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန်မျိုးစိတ်များထဲတွင် အပါအဝင်ဖြစ်သည့် ရှားပါးဝံကြောင်တစ်ကောင်ကို ကယားပြည်နယ် လွိုင်ကော်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်၍ ဆေးကုသပေးထားကြောင်း နှင့် ဒဏ်ရာများသက်သာလျက်ရှိကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် ရှားပါးဝံကြောင်သည် အမဝံကြောင်တစ်ကောင် ဖြစ်ပြီး အရွယ်အစားက အမြီးကနေ...