Connect with us

MYANMAR

ဥရောပသမဂ္ဂတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာ ၂၇ ရက်တွင် စတင်မည်

ဂျာမနီနိုင်ငံ ဒပ်ဆဲလ်ဒေါ့ဖ်မြို့ရှိ COVID-19 စစ်ဆေးရေးစင်တာတစ်ခုတွင် nucleic acid စစ်ဆေးမှုခံယူနေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဥရောပသမဂ္ဂ (EU) တွင် ခရစ္စမတ်ပြီးနောက် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း စတင်သွားမည် ဖြစ်ကြောင်း အီးယူ အမှုဆောင်အရာရှိချုပ် Ursula von der Leyen က ဒီဇင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။

“ဒါက ဥရောပအတွက် အရေးကြီးတဲ့အချိန်ပါပဲ။ ဒီဇင်ဘာ ၂၇ ၊ ၂၈ နဲ့ ၂၉ ရက်တွေမှာ ဥရောပသမဂ္ဂတစ်ခွင် ကာကွယ်ဆေးထိုးနှံခြင်း စတင်မှာဖြစ်တယ်” ဟု von der Leyen က တွစ်တာတွင် ရေးသားခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Guy’s ဆေးရုံတွင် Lyn Wheeler အမည်ရှိအမျိုးသမီး Pfizer/BioNTech ၏ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည်ကို ကြည့်ရှုနေသော ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား တွေ့ရစဉ် (ဓာတ်ပုံ- Andrew Parsons/10 Downing Street/Handout via Xinhua)

စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez အား ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့်အတူ ပဲရစ်မြို့ရှိ Elysee နန်းတော်၌ ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဥရောပဆေးဝါးအေဂျင်စီ (EMA) က ဂျာမနီနိုင်ငံ BioNTech နှင့်အမေရိကန်နိုင်ငံ Pfizer တို့ပူးပေါင်းထုတ်လုပ်သည့် ကာကွယ်ဆေးကို အကဲဖြတ်မှုအဆုံးသတ်ရေး အစည်းအဝေးတစ်ခု ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး နှစ်ရက်အကြာ၌ ၎င်းကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန်ထံတွင် COVID-19 ကူးစက်ခံရကြောင်း သိရှိခဲ့ရပြီးနောက် ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်မိုက်ကယ်၊ စပိန်နိုင်ငံဝန်ကြီးချုပ် Pedro Sanchez နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံဖြိုးရေးအဖွဲ့ (OECD) အတွင်းရေးမှူးချုပ် Angel Gurria အပါအဝင် အီးယူခေါင်းဆောင် အများအပြားသည်လည်း ယင်းနေ့မတိုင်မီတစ်ရက်က မက်ခရွန်နှင့်အတူ နေ့လည်စာစားခဲ့ကြပြီးနောက် တစ်ကိုယ်ရေသီးခြားကန့်သတ်နေထိုင်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဝက်ဘ်ဆိုက်အရ ဒီဇင်ဘာ ၁၆ ရက်အထိ ကမ္ဘာတစ်ဝန်း ဖော်ထုတ်လျက်ရှိသော COVID-19 ကာကွယ်ဆေး ၂၂၂ ခု ရှိပြီး ၎င်းတို့အနက် ၅၆ ခုမှာ လက်တွေ့စမ်းသပ်မှုအဆင့်ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။ (Xinhua)
…………………………………………
(English Version)
EU to start vaccination for COVID-19 on Dec. 27
2020-12-18 10:41:05
BRUSSELS, Dec. 17 (Xinhua) — The European Union (EU) will start vaccination for COVID-19 after Christmas, the bloc’s executive chief Ursula von der Leyen announced on Thursday.
“It’s Europe’s moment. On 27, 28 and 29 December vaccination will start across the EU,” von der Leyen tweeted.
The announcement came two days after the European Medicines Agency (EMA) decided to bring forward a meeting to conclude its assessment of the vaccine jointly developed by Germany’s BioNTech and America’s Pfizer.
On Thursday, French President Emmanuel Macron tested positive for COVID-19, and a number of EU leaders including European Council President Charles Michel, Spanish Prime Minister Pedro Sanchez, as well as Secretary-General of the Organization for Economic Co-operation and Development (OECD) Angel Gurria went into self-quarantine after having lunch with Macron one day earlier.
According to the website of the World Health Organization, as of Wednesday, there were 222 COVID-19 candidate vaccines being developed worldwide, and 56 of them were in clinical trials. Enditem
1- A man receives nucleic acid test at a COVID-19 test center in Dusseldorf, Germany, on Dec. 11, 2020. (Photo by Tang Ying/Xinhua)
2- British Prime Minister Boris Johnson (back) watches as a lady named Lyn Wheeler receives a Pfizer/BioNTech COVID-19 vaccine injection at Guy’s Hospital in London, Britain, on Dec. 8, 2020. (Andrew Parsons/10 Downing Street/Handout via Xinhua)

3- Spanish Prime Minister Pedro Sanchez meets with French President Emmanuel Macron at the Elysee Palace in Paris, France, Dec. 14, 2020. (Photo by Borja Puig de la Bellacasa/Xinhua)