Connect with us

Europe

ပီရူးနိုင်ငံတွင် Sinopharm ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု ပြန်လည်စတင်ရန် ခွင့်ပြု

ပီရူးနိုင်ငံ Callao ပြည်နယ်ရှိ Jorge Chavez နိုင်ငံတကာလေဆိပ်တွင် နိုင်ငံတကာလေကြောင်းခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များ နှာခေါင်းစည်းတပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လီမာ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ပီရူးနိုင်ငံ အစိုးရသည် စေတနာ့ဝန်ထမ်းတစ်ဦး ဖျားနာမှုလက္ခဏာကို ဖြေရှင်းပြီးနောက် China National Pharmaceutical Group သို့မဟုတ် Sinopharm မှထုတ်လုပ်သော COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများ ပြန်လည်စတင်ရန် ခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Pilar Mazzetti က ပြောကြားခဲ့သည်။

“နောက်ဆုံးမှာတော့ Sinopharm နဲ့ အစည်းအဝေးတစ်ခု စီစဉ်ထားခဲ့ပြီး ကျွန်မတို့နိုင်ငံမှာ လက်တွေ့စမ်းသပ်မှု ဆိုင်းငံ့ထားတဲ့ ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။ အခြေအနေကို ရှင်းရှင်းလင်းလင်း ဖြေရှင်းခဲ့ပြီး ဆိုင်းငံ့ထားတာကိုလည်း ဒီကနေ့ ဖြေလျှော့လိုက်ပါပြီ” ဟု ဒီဇင်ဘာ ၁၆ ရက်က အစိုးရရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ Mazzetti က ပြောခဲ့သည်။

ပီရူးနိုင်ငံတွင် အမျိုးသား ကျန်းမာရေးအဖွဲ့၏ ကြီးကြပ်မှုအရ Sinopharm ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများကို စက်တင်ဘာ ၉ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး စေတနာ့ဝန်ထမ်း ၁၁,၇၀၀ ဦး ပါဝင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………

(English Version)
Peru authorizes resumption of clinical trials of Sinopharm vaccine

Source: Xinhua| 2020-12-18 12:40:25|Editor: huaxia

“Finally we have scheduled a meeting with Sinopharm, having solved the problem of the suspension of the clinical trial we had in the country. The situation has already been clarified and that suspension has been lifted today,” Mazzetti said Wednesday at a press conference held at the government headquarters.

LIMA, Dec. 17 (Xinhua) — The Peruvian government has authorized the resumption of clinical trials of a COVID-19 vaccine developed by the China National Pharmaceutical Group, or Sinopharm, after an “adverse event” in one of the volunteers was “clarified,” said Health Minister Pilar Mazzetti.

“Finally we have scheduled a meeting with Sinopharm, having solved the problem of the suspension of the clinical trial we had in the country. The situation has already been clarified and that suspension has been lifted today,” Mazzetti said Wednesday at a press conference held at the government headquarters.

Under the supervision of the National Institute of Health, the clinical trials of the Sinopharm vaccine, which began on Sept. 9, have recruited at least 11,700 volunteers in Peru. ■
Passengers wear protective masks in the boarding area of international flights at the Jorge Chavez International Airport, in the constitutional province of Callao, Peru, on March 6, 2020. (Photo by Mariana Bazo/Xinhua)