Connect with us

MYANMAR

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းလေကြောင်းလိုင်း သုံးခု စတင်ပြေးဆွဲပျံသန်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ ပျံသန်းနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ပြည်တွင်းလေဆိပ်တွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသော ပြည်တွင်းလေကြောင်းလိုင်းငါးခုအနက် သုံးခု စတင်ပြေးဆွဲပျံသန်းနေပြီဖြစ်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL)က ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း နှင့် Air KBZ လေကြောင်း လိုင်းတို့သည် ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်တွင် ၎င်းတို့၏ပုံမှန်လေကြောင်းခရီးစဉ်များကို စတင် ပြေးဆွဲပျံသန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ ပျံသန်းနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ပြည်တွင်းလေကြောင်းလိုင်းများ စတင်ပြေးဆွဲပျံသန်းခဲ့သည့် ပထမနေ့(ဒီဇင်ဘာ ၁၆ ရက်)တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို ဝန်ဆောင်မှုပေးနေသော YACL သည် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ခရီးစဉ်တစ်ကြောင်း ၊ Air KBZ လေကြောင်း လိုင်းမှ ခရီးစဉ်သုံးကြောင်း၊ စုစုပေါင်းခရီးစဉ်လေးကြောင်းတို့မှ ဆိုက်ရောက်/ထွက်ခွာ ခရီးသည်အရေအတွက် ၁၆၄ ယောက်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း ယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင် လေကြောင်းခရီးစဉ်ကိုးခုဖြင့် ယမန်နေ့ကထက် နှစ်ဆကျော်ခန့် ထပ်တိုးဝန်ဆောင်မှုပေးနိုင်ရန် လျာထားကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပြည်တွင်းလေဆိပ်အဆောက်အအုံ(Terminal -3)၌ ပြည်တွင်လေကြောင်းခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးစံနှုန်းသတ်မှတ်ချက်နှင့် ICAO၏ Airport Public Health Contingency Plan (APHCP) လမ်းညွှန်ချက်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117