ဝန်ချန်း၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက အင်္ဂြိုဟ်ခရီးစဉ်အတွက် Long March-5 ဒုံးပျံလွှတ်တင်ရန် ပြင်ဆင်စတုတ္ထမြောက် Long March-5 ဒုံးပျံထိပ်ဖူးကို တရုတ်နိုင်ငံ၏ ပထမဆုံးအင်္ဂြိုဟ်စူးစမ်းလေ့လာရေးခရီးစဉ်တွင် အသုံးပြုရန် ဒုံးလွှတ်စင်တည်ရှိရာ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်းအာကာသလွှတ်ရေးစင်တာသို့ ဇူလိုင် ၁၇ ရက်က ဒေါင်လိုက် သယ်ယူသွားခဲ့ကြောင်း သိရသည်။...
ပေကျင်း ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Sergei Lavrov နှင့် ဇူလိုင် ၁၇ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆေွးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု နှင့် ညှိနှိုင်းဆောင်ရွက်မှုတိုးမြှင့်ရေး ထောက်ခံအားပေးသွားရန်...
ဟူပေ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်၊ ရန်းရှင်းကောင်တီရှိ ရေကန်တာတမံကျိုးပေါက်မှုကို ပြုပြင်နိုင်ရန်အတွက် ရဟတ်ယာဉ်သုံးစီးဖြင့် ကျောက်တုံးများအား ဝေဟင်မှသယ်ဆောင်ကာ ရေစီးထွက်မှုကို ပိတ်ဆို့ခဲ့သည်။ မိုးသည်းထန်စွာရက်ဆက် ရွာသွန်းမှုကြောင့် ဖူဟီမြစ်၏ အဓိကမြစ်ကြောင်းတစ်လျှောက်ရှိ ရန်းရှင်းကောင်တီ၏ Kuisai ရေကန် တာတမံကျိုးပေါက်ကာ လယ်ယာမြေဟက်တာ ၄၀၀ ကျော်...
တရုတ်နိုင်ငံ၏ BeiDou ဂြိုဟ်တု လမ်းကြောင်းပြစနစ်မှာ အလုံးစုံ လည်ပတ်လျက်ရှိပြီဖြစ်သည်။ BeiDou စနစ်က ပုံမှန် ဆက်သွယ်ရေးကွန်ရက်များနှင့်ဆက်သွယ်နိုင်ခြင်းမရှိသည့် သဲကန္တာရတွင် မည်သို့ အသုံးဝင်သည်ကို ကာတွန်းဇာတ်ကောင် တစ်ခုဖြစ်သည့် Buzz က ယခုကဲ့သို့ရှင်းပြခဲ့ပါသည်။ (Xinhua)
ဂျကာတာ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ်တွင် ရုတ်တရက် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဇူလိုင် ၁၈ ရက်တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး လူ ၆၇ ဦးပျောက်ဆုံးနေဆဲဖြစ်ကာ အခြားသူ ၁၄,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းနေထိုင်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစက်ရုပ်များ၊ စမတ်ခေါင်းဆောင်းများက ရေဘေးကယ်ဆယ်ရေး၌ အကူအညီဖြစ်စေခဲ့သည်။ ကယ်ဆယ်ရေးသမားများက မြစ်ကိုမဖြတ်ကူးနိုင်သည့်အချိန်၌ စက်ရုပ်များက ပိတ်မိနေသူများအား ရှာဖွေ ကယ်ဆယ်ပေးခဲ့သည်။ ညဘက်မြင်ကွင်းများ မြင်တွေ့နိုင်စေရန် အနီအောက်ရောင်ခြည်တပ်ဆင်ထားသည့် ရေစိုခံခေါင်းဆောင်းများကလည်း သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်သည်။ မြင့်မားသည့်...
ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဒါရိုက်တာအဖွဲ့က ဗီယက်နမ်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေးဆောင်ရွက်မှုများကို ထောက်ပံ့ကူညီရန် စီးပွားရေးဘဏ်တစ်ခုအား ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခွင့်ပြုခဲ့ကြောင်း ဇူလိုင် ၁၇ ရက်က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် ယနေ့မွန်းတည့် ၁၂ နာရီ မှ နောက် ၄၈ နာရီအတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ စစ်ကိုင်းဒေသကြီး တွင်ချင်းတွင်းမြစ်ရေ၊ ကချင်ပြည်နယ် တွင် ဧရာဝတီမြစ်ရေ များ မြင့်တက်နေသည့် အတွက်...
ဘာလင်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) COVID-19 ရောဂါက ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်လာချိန်တွင် တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ စီးပွားရေးအတွက် “နံပါတ်တစ် ပို့ကုန်တင်ပို့ရာနိုင်ငံ” ဖြစ်လာကြောင်း ဂျာမန် စီးပွားရေးအဖွဲ့အစည်း (IW) က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သော လေ့လာမှုအရ သိရသည်။
ဝါရှင်တန် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ တွင် လွန်ခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၇၂,၀၄၅ ဦး ရှိခဲ့ပြီး တစ်ရက် အတွင်း ရောဂါ ကူးစက်ခံရသူ တိုးမြင့်မှု စံချိန်သစ် ထပ်မံတင်...