Connect with us

Asia

AIIB က ဗီယက်နမ်နိုင်ငံတွင်  COVID-19 တုံ့ပြန်ရေးအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခွင့်ပြု

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဆေးရုံတစ်ရုံတွင် ကျန်းမာရေးအခြေအနေ မှတ်ပုံတင်နေသော အမျိုးသားတစ်ဦးအား ကျန်းမာရေးဝန်ထမ်းတစ်ဦးက လမ်းညွှန်ပြနေစဉ် (ဓာတ်ပုံ-VNA မှ ဆင်ဟွာသို့ပေးပို့သည်။)

ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) 

အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဒါရိုက်တာအဖွဲ့က ဗီယက်နမ်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေးဆောင်ရွက်မှုများကို ထောက်ပံ့ကူညီရန် စီးပွားရေးဘဏ်တစ်ခုအား ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခွင့်ပြုခဲ့ကြောင်း ဇူလိုင် ၁၇ ရက်က ပြောကြားခဲ့သည်။ 

နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်းနှင့် ငွေကြေးပူးတွဲထောက်ပံ့သော အဆိုပါချေးငွေသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အပါအဝင် ပုဂ္ဂလိကကဏ္ဍအား ဘဏ်မှ ချေးငွေတိုးချဲ့ပေးနိုင်ရန် ဗီယက်နမ်နိုင်ငံ၏ Prosperity Joint Stock Commercial ဘဏ်အား ချေးငွေပေးအပ်ခဲ့ကြောင်း AIIB က ကြေညာချက်တွင် ဖော်ပြထားသည်။ 

ယင်းချေးငွေသည် ဗီယက်နမ်နိုင်ငံတွင် ပထမဆုံး ငေွကြေးထောက်ပံ့သည့်စီမံကိန်းဖြစ်သည်။ 

“အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေက စီးပွားရေးရဲ့ ကျောရိုးဖြစ်ပါတယ်။ ဗီယက်နမ်မှာ စီးပွားရေးပြန်လည်နာလန်ထူဖို့ တစ်စိတ်တစ်ပိုင်းအဖြစ် ဒီလိုအရေးပါတဲ့ကဏ္ဍကို ကူညီပေးနိုင်ပါတယ်” ဟု AIIB ဒုတိယဥက္ကဋ္ဌ ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ D.J. Pandian က ပြောခဲ့သည်။ 

ဇူလိုင်လအထိ COVID-19 အကျပ်အတည်းမှ ပြန်လည်နာလန်ထူရေးအစီအစဉ်အရ စုစုပေါင်း စီမံကိန်း ၁၆ ခုကို ခွင့်ပြုပေးခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံကျော်ရှိကာ အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံအား ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117