Connect with us

Europe

တရုတ်နိုင်ငံက ဂျာမနီနိုင်ငံအတွက် “နံပါတ်တစ် ပို့ကုန်တင်ပို့ရာနိုင်ငံ” ဖြစ်လာ

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Central Business District (CBD) ရှိ မိုးမျှော်တိုက်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

COVID-19 ရောဂါက ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်လာချိန်တွင် တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ စီးပွားရေးအတွက် “နံပါတ်တစ် ပို့ကုန်တင်ပို့ရာနိုင်ငံ” ဖြစ်လာကြောင်း ဂျာမန် စီးပွားရေးအဖွဲ့အစည်း (IW) က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သော လေ့လာမှုအရ သိရသည်။

ဂျာမနီနိုင်ငံ၏ ပို့ကုန်ဈေးကွက်များစွာက ဆက်လက်ဆိုးဝါးသည့်အခြေအနေရှိနေစဉ်တွင် “တရုတ်နိုင်ငံရဲ့ စီးပွားရေးကတော့ အကောင်းဘက်သို့ ဦးတည်မှုနှင့်အတူ ရှေ့ရေးကို မျှော်မှန်းလျက်ရှိတယ်” ဟု IW ၏ အဆင့်မြင့် စီးပွားရေးပညာရှင်၊ မက်ခရိုစီးပွားရေး လေ့လာဆန်းစစ်မှုနှင့် စီးပွားရေးစက်ဝန်း သုတေသနအဖွဲ့ ခေါင်းဆောင် Galina Kolev က ပြောခဲ့သည်။ 

 

မေလက တရုတ်နိုင်ငံသို့  တင်ပို့သည့် ဂျာမနီနိုင်ငံ ပို့ကုန်များမှာ ၁၂.၃ ရာခိုင်နှုန်းသာကျဆင်းခဲ့ပြီး ယူရို ၇.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ) ရှိကြောင်း တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံသို့ တင်ပို့ကုန်မှာမူ ၃၆.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကာ ယူရို ၆.၅ ဘီလီယံသာရှိကြောင်း ဖက်ဒရယ် စာရင်းအင်းရုံး (Destatis) က ပြီးခဲ့သည့်သီတင်းပတ်က ကြေညာခဲ့သည်။

 

၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံပြီးလျှင် တရုတ်နိုင်ငံသည် ဂျာမနီ စီးပွားရေးတွင် တတိယမြောက် အရေးပါဆုံးဝယ်သူနိုင်ငံဖြစ်ပြီး ကုန်စည်တင်ပို့မှုတန်ဖိုး ယူရို ၉၆.၀ ဘီလီယံရှိကြောင်း Destatis အရ သိရသည်။ 

 

တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံ၏ အကြီးဆုံးပို့ကုန်နိုင်ငံများအကြား ပို့ကုန်ကွာဟမှုမှာ ယခုနှစ် ပထမ ငါးလအတွင်း အများအပြားကျဆင်းသွားခဲ့သည်။ ဇွန်လ၏ တရားဝင်အချက်အလက်များ မထုတ်ပြန်ရသေးသော်လည်း တရုတ်နိုင်ငံသည် ဇွန်လအတွင်းတွင် ပြင်သစ်နိုင်ငံ၏နေရာအား အစားထိုးဝင်ရောက်ကာ ဂျာမနီ၏ ဒုတိယအကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်လာကြောင်း IW က ခန့်မှန်းထားသည်။ 

 

နှေးကွေးမှုရှိသော်လည်း နိုင်ငံတကာစံနှုန်းများနှင့် နှိုင်းယှဉ်ပါက မြင့်တက်နေဆဲဖြစ်သော တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည်  တရုတ်နိုင်ငံအား “ဆွဲဆောင်မှုရှိသော ပို့ကုန်ဈေးကွက်တစ်ခု” ဖြစ်လာစေသည်ဟု Kolev က ဆိုသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117