Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် ရုတ်တရက်ရေကြီးရေလျှံမှုများကြောင့် လူ ၆၇ ဦးပျောက်ဆုံး၍ ၁၄,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးများ လုပ်ဆောင်နေဆဲ

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ် North Luwu နယ်မြေ မာဆမ်ဘာမြို့တွင် ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် နေအိမ်ပျက်စီးကာ ရွှံ့နွံများတွင်နစ်မြုပ်နေမှုများအား ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ်တွင် ရုတ်တရက် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဇူလိုင် ၁၈ ရက်တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး  လူ ၆၇ ဦးပျောက်ဆုံးနေဆဲဖြစ်ကာ အခြားသူ ၁၄,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းနေထိုင်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

သေဆုံးသူ ၃၆ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိပြီးနောက် ကယ်ဆယ်ရေးသမားများသည် သဘာဝဘေးဒဏ်အများဆုံးခံစားခဲ့ရသော Luwu Utara ခရိုင်ရှိ ဆတ်ဘန်း၊ ဘေးဘွန်တာ၊ ပွန်တာဒန်၊ မီလီ ကျေးရွာများနှင့် မာဆမ်ဘာမြို့တို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်ခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး တာဝန်ရှိသူ Zaenal Asad က ပြောခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ် North Luwu နယ်မြေ မာဆမ်ဘာမြို့တွင်  ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် နေအိမ်ပျက်စီးကာ ရွှံ့နွံများတွင်နစ်မြုပ်နေမှုများအား ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ရွှံ့နွံတွေက နှစ်မီတာလောက်မြင့်ပြီး ရွာတွေကိုဖုံးအုပ်သွားတယ်။ ရုပ်အလောင်းတွေအများစုက အဲဒီရွှံ့နွံတွေအောက်ကနေ တွေ့ရှိတာပါ။ သစ်တုံးတွေကလည်း လမ်းမတွေနဲ့ တခြားနေရာတွေမှာ ရောက်နေတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှေးကွေးခဲ့ရတယ်” ဟု ၎င်းက ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။ 

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကယ်ဆယ်ရေးသမားများအား ကူညီရန် စက်ယန္တရားကြီးများကို ယင်းဒေသသို့ ပို့ဆောင်ခဲ့ကြောင်း Asad က ဆိုသည်။ 

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးစီမံခန့်ခွဲမှုအေးဂျင်စီ အကြီးအကဲDoni Monardo ကလည်း လူ ၆၇ ဦး ပျောက်ဆုံးနေကြောင်းနှင့် အခြားသူ ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ဒေသခံ ၁၄၃၈၈ ဦးကို ဘေးကင်းသောနေရာများသို့ ပို့ဆောင်ခဲ့ကြောင်း ဇူလိုင် ၁၈ ရက် ထုတ်ပြန်ချက်တွင် ၎င်းက ပြောခဲ့သည်။ 

ရေဘေးသင့်ပြည်သူများအား သဘာဝဘေးဖြစ်ပွားနေစဉ်အတွင်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လည်း ဆက်လက်လိုက်နာကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

ရေကြီးရေလျှံမှုကြောင့် နေအိမ်ပျက်စီးခဲ့ရသူများအား နစ်နာကြေးထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ 

ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် လမ်းမတစ်ခု၊ တံတား ၉ စင်း၊ ဘာသာရေးအဆောက်အအုံ ၁၃ ခု၊ စာသင်ကျောင်း ၉ ကျောင်း၊ ရုံးအဆောက်အအုံ ၈ ခု၊ အများပြည်သူဆိုင်ရာ အဆောက်အအုံ ၂ ခုနှင့် ဈေးကြီးတစ်ခု ပျက်စီးခဲ့ကြောင်း အေဂျင်စီထံမှ သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117