ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်ကဏ္ဍမှ နိုင်ငံအတွက် အမြတ်ငွေကျပ်သန်းပေါင်း ၁,၂၄၀,ဝဝဝ ခန့် ရရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က မေ ၂၀ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်တစ်ဦးက မေ ၁၉ ရက်တွင် ပြောကြားလိုက်သည်။
နေပြည်တော်၊ မေ ၂၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခဲ့ရာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ၂၀၁၉ ဒီဇင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၇၉၉ ခုတို့ကို စိစစ် ခွင့်ပြုနိုင်ခဲ့ပြီး အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉...
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါကြောင့် ရပ်နားထားခဲ့ရပြီးနောက် မေ ၁၈ ရက်အထိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) ၏ ၉၁ ရာခိုင်နှုန်းခန့် သည် လုပ်ငန်းများပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။
ရန်ကုန် ၊ မေ ၂၀ ရက်(ဆင်ဟွာ) လက်ရှိ COVID-19 ကပ်ရောဂါကာလတွင် လမ်းပေါ်နေကလေးများအတွက် ပညာပေးခြင်း နှင့် လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းစီမံချက် ရေးဆွဲချမှတ်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများတွင် မေ ၁၈ ရက် မှစတင်၍ အသက်၁နှစ်ခွဲအောက်ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများပြန်လည်ထိုးနှံပေးနေပြီဖြစ်ကြောင်း၊ ဒေသန္တရ/မိခင်ကလေး/ကျေးလက်ကျန်းမာရေးဌာနများနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ကျေးရွာ/လူအုပ်စုအသီးသီးတွင် ဇွန်လ (၁) ရက်မှစ၍ လစဉ်ပုံမှန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း...
မော်စကို ၊ မေ ၂၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင်(Mikhail Mishustin) သည် ယခုအခါ ရောဂါမှ ပြန်လည် သက်သာ ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသွားပြီးနောက်တွင် လုပ်ငန်းတာဝန်များကို ပြန်လည် ထမ်းဆောင်နေပြီဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ...
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံအနေဖြင့် COVID-19 နှင့်ပတ်သက်ပြီး နိုင်ငံရေးအရကြိုးကိုင်ခြယ်လှယ်ခြင်းများကို စွန့်လွှတ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သော သဘောတူညီမှုအတိုင်း ပြန်သွားမည်ဆိုပါက တရုတ်နိုင်ငံက ကြိုဆိုမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း က မေ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
မော်စကို ၊ မေ ၂၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergei Ryabkov က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အား နိုင်ငံရေးရည်မှန်းချက်ဖြင့် ဟိုဟိုဒီဒီတွန်းပို့မှုတစ်ခုအတွက် အသုံးမချသင့်ကြောင်း မေ ၁၉ ရက်တွင်ပြောကြားလိုက်သည်။