Connect with us

Social, Education & Health

တရုတ်နိုင်ငံက COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကျွမ်းကျင်ပညာရှင်က ပြော

ွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်အဆောက်အဦအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်တစ်ဦးက မေ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

“တရုတ်နိုင်ငံက ရောဂါဖြစ်ပွားမှုဆိုင်ရာ နောက်ဆုံးအချက်အလက်တွေ၊ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ကုသရေး တိုးတက်မှုတွေကို WHO ကို ပေးပို့ခဲ့တယ်” ဟု တရုတ်နိုင်ငံ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ကူးစက်ရောဂါပညာရှင် အကြီးအကဲ Wu Zunyou က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

ကပ်ရောဂါ ဆင့်ကဲဖြစ်ပွားမှုပေါ် အခြေခံ၍ တရုတ်နိုင်ငံ၏ အမျိုးသားကျန်းမာရေးကော်မရှင်နှင့် တရုတ်နိုင်ငံရှိ WHO ကိုယ်စားလှယ်ရုံးတို့အကြား ဆက်သွယ်ရေးလွယ်ကူစေရန် ယန္တရားတစ်ခုကို တည်ထောင်ခဲ့ကြောင်း Wu က မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံသည် တစ်ချိန်က ဗိုင်းရပ်စ်ဒဏ်ဆိုးဝါးစွာခံစားခဲ့ရသော ဝူဟန့်မြို့သို့ လေ့လာရန် WHO မှ ကျွမ်းကျင်သူများကို ဇန်နဝါရီလက ဖိတ်ခေါ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များကလည်း WHO မှ အပတ်စဉ်ပြုလုပ်သော COVID-19 ဆိုင်ရာ နိုင်ငံတကာ နည်းပညာဖလှယ်မှုများ ဆွေးနွေးရာတွင် တက်တက်ကြွကြွ ပါဝင်လျက်ရှိကြောင်း Wu က ပြောကြားခဲ့သည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117