Connect with us

Education & Health

ပြည်သူ့ဆေးရုံများတွင် အသက်၁ နှစ်ခွဲအောက်ကလေး ငယ်များအား ကာကွယ်ဆေးများပြန်လည်ထိုးနှံပေးလျက်ရှိ 

ကလေးငယ်တစ်ဦးအားကာကွယ်ဆေးတိုက်ကျွေးနေစဉ် (ဆင်ဟွာ)ကလေးငယ်တစ်ဦးအားကာကွယ်ဆေးတိုက်ကျွေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) 

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများတွင်  မေ ၁၈ ရက် မှစတင်၍ အသက်၁နှစ်ခွဲအောက်ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများပြန်လည်ထိုးနှံပေးနေပြီဖြစ်ကြောင်း၊  ဒေသန္တရ/မိခင်ကလေး/ကျေးလက်ကျန်းမာရေးဌာနများနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ကျေးရွာ/လူအုပ်စုအသီးသီးတွင်  ဇွန်လ (၁) ရက်မှစ၍ လစဉ်ပုံမှန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း မှ လက်ထောက်ညွှန်ကြားရေးမှူး ဒါက်တာနှင်းနွယ်နီအေး က မေ ၂၀ ရက်တွင် ပြောသည်။ 

ဒေါက်တာနှင်းနွယ်နီအေးက “COVID-19 ရောဂါကြောင့် ခဏရပ်ထားတဲ့ ကာကွယ်ဆေးထိုးခြင်းကို တစ်နုင်ငံလုံးမှာ ရှိတဲ့ မြို့ပေါင်း ၃၃၀ လုံးမှာ ကာကွယ်ဆေးတွေ ပြန်ထိုးပေးနေတာပါ။ ကာကွယ်ဆေးထိုးတဲ့ အခါ မိဘတွေ အနေနဲ့ လိုက်နာရမယ့် အချက်တွေ ကို ကြိုတင်ပြီးထုတ်ပြန်ခဲ့ပါတယ်။ ကလေးဖျားရင် ကာကွယ်ဆေးထိုးဖို့ မလာနဲ့ ဆိုပြီးမိဘရှင်တွေ ကို အသိပေးထားပါတယ်။ ဆေးထိုးခဲ့ပြီးလည်း ပြန်စစ်တယ်။ ဘာဆေးတွေ သောက်နေလဲဆိုတာ ကိုလည်းကြည့်တယ်။’’ ဟုပြောသည်။

ကာကွယ်ဆေးထိုးခန်းဖုန်းနံပတ်များအားတွေ့ရစဉ် (ဓာတ်ပုံ–ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန) 

ကာကွယ်ဆေးထိုးခန်းဖုန်းနံပတ်များအားတွေ့ရစဉ် (ဓာတ်ပုံ–ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန)

ကာကွယ်ဆေးထိုးခန်းဖုန်းနံပတ်များအားတွေ့ရစဉ် (ဓာတ်ပုံ–ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန)

ကာကွယ်ဆေးထိုးခန်းဖုန်းနံပတ်များအားတွေ့ရစဉ် (ဓာတ်ပုံ–ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန)

မေ ၂၉ ရက် အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များမှအပ (၂) ပတ် ဆက်တိုက် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။ဒေါက်တာနှင်းနွယ်နီအေးက “ပြည်သူ့ဆေးရုံတွေမှာ ဇွန်လ (၁) ရက်နေ့ နောက်ပိုင်းမှာတော့ တစ်ပတ်ကို တစ်ရက် ပုံမှန် ဆက်ပြီးထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို ခေတ္တယာယီရပ်နားထားတာကြောင့် မိဘပြည်သူအချို့ စိုးရိမ်ပူပန်မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် မိဘပြည်သူတွေကို အစိုးရိမ်မလွန်ဖို့ ပြောကြားလိုပါတယ်’’ ဟုပြောသည်။

ကာကွယ်ဆေးထိုးနှံရန်သွားသည့်အခါ မိဘပြည်သူ များအနေဖြင့်  ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းတွင်  လူစုလူဝေးမဖြစ်စေရန် တစ်ရက်လျှင်  ကလေး (၅၀) ဦးသာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးမည်ဖြစ်သောကြောင့် ဆေးရုံ/ကျန်းမာရေးဌာနသို့ ကြိုတင်ဖုန်းဆက် ရက်ချိန်းယူရန်လိုအပ်ကြောင်း၊  ကြိုတင် ရက်ချိန်းယူပြီး ချိန်းဆိုထားသည့် ရက်တွင် ကျန်းမာရေးဌာန သို့ သွားရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းသို့  မိဘ/အုပ်ထိန်းသူ တစ်ဦးသာလျှင် ကလေးငယ်နဲ့အတူတူ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းသို့ လာသည့်အချိန် တွင် အိမ်မှ ထွက်သည့်အချိန်မှ စ၍ နှာခေါင်းစည်းတပ်ရန် လိုအပ်ကြောင်း၊  ကလေးကိုလည်း ကလေးအသက်ရှူမကြပ်စေရန် သတိထား၍ ကလေးမျက်နှာကာ (သို့မဟုတ်) အနှီးဖြင့်  ကလေးမျက်နှာအား အုပ်လာရန် လိုအပ်ကြောင်း၊  ကာကွယ်ဆေးထိုးစုရပ်/ဆေးခန်းသို့ မဝင်မီ လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ဆေးရမည်ဖြစ်ကြောင်း သိရသည်။

၄င်းက “ကလေး(ဒါမှဟုတ်) ကလေးနဲ့အတူနေတဲ့ အိမ်သားတစ်ဦးဦး ဖျားနေရင်/အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေရှိနေရင် ကာကွယ်ဆေးထိုးဖို့ မလာသေးဘဲ နေပြန်ကောင်းလာတဲ့အချိန်ကျမှသာ ကျန်းမာရေးဌာနကို ဆက်သွယ်မေးမြန်းပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးဖို့ ရက်ချိန်းယူဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကလေး(ဒါမှမဟုတ်) ကလေးနဲ့အတူနေအိမ်သားတစ်ဦးဦးက ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိတဲ့ လူနာနဲ့ ထိတွေ့မိရင်၊ home quarantine ပြုလုပ်ဖို့ လိုအပ်သော နေအိမ်မှာနေထိုင်ရင်တော့ သတ်မှတ်ထားတဲ့ quarantine ရက်ပြည့်ပြီးမှသာ ကျန်းမာရေးဌာနကို ဆက်သွယ်မေးမြန်းပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးဖို့အတွက် ရက်ချိန်းယူရမှာဖြစ်ပါတယ်’’ ဟုပြောသည်။

မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိကလေးကိုသော်လည်းကောင်း၊ မိမိမိသားစုကိုသော်လည်းကောင်း COVID-19 ရောဂါကူးစက်ခြင်းမရှိစေရန်၊ မိမိကလေးငယ် မရရှိသေးသည့် ကာကွယ်ဆေးများ အားလုံး အပြည့်အဝရရှိနိုင်စေရန် နှင့်  မိမိကလေးငယ်ကို ကာကွယ်ဆေးနှင့်ကာကွယ်လို့ရသည့် ရောဂါများမှ ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ အကြံပြုချက်များကို  လိုက်နာ၍  ကာကွယ်ဆေးထိုး နှံဖို့ လာရောက်ကြရန် ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ မေ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။  (Xinhua)