Connect with us

WORLD

COVID-19 ဆိုင်ရာ နိုင်ငံရေးလှည့်ကွက်များ ရပ်တန့်ရန် ဩစတြေးလျနိုင်ငံကို တရုတ်နိုင်ငံ ပြောကြား 

၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံတွင် မိန့်ခွန်းပြောနေသည့် WHO ညွန်ကြားရေးချုပ် တက်ဒရော့စ် အက်ဒနွမ် ဂီဘရီရက်စ်စက်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံအနေဖြင့် COVID-19 နှင့်ပတ်သက်ပြီး နိုင်ငံရေးအရကြိုးကိုင်ခြယ်လှယ်ခြင်းများကို စွန့်လွှတ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သော သဘောတူညီမှုအတိုင်း ပြန်သွားမည်ဆိုပါက တရုတ်နိုင်ငံက ကြိုဆိုမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း က မေ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

ဥရောပ သမဂ္ဂ (EU) နှင့် နိုင်ငံပေါင်း ၁၂ နိုင်ငံကျော်က ရေးဆွဲထားသည့် COVID-19 နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်းတစ်စောင်အား ကမ္ဘာ့ကျန်းမာရေး အဖွဲ့ညီလာခံ (WHA) တွင် တင်သွင်းခဲ့ပြီးဖြစ်သည်။ ဩစတြေးလျနိုင်ငံ နိုင်ငံခြာရေးဝန်ကြီး Marise Payne က ယင်းသည် ကပ်ရောဂါနှင့်ပတ်သက်ပြီး လွတ်လပ်သောသုံးသပ်ချက်တစ်ခုအတွက် နိုင်ငံတကာထောက်ခံမှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အောင်နိုင်မှုတစ်ခု အဖြစ် မေ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ထိန်းချုပ်နိုင်သော အနေအထားရောက်ရှိလာပြီးနောက်မှသာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ တိုက်ဖျက်ရေး၏ ဘက်ပေါင်းစုံသုံးသပ်ချက်တစ်ခုကို တရုတ်နိုင်ငံက ထောက်ခံမည်ဖြစ်ကြောင်း ကျောက်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံတွင် မိန့်ခွန်းပြောနေသည့် WHO အတွင်းရေးမှူးချုပ် တက်ဒရော့စ် အက်ဒနွမ် ဂီဘရီရက်စ်စက်အား တွေ့ရစဉ် (ဆင်ဟွာ)

ယင်းအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဦးဆောင်ဦးရွက်ပြုသွားသင့်ကြောင်း နှင့် သိပ္ပံနည်းကျ  ပညာရှင်ဆန်ဆန်  မျှမျှတတ သမာသမတ်ကျကျ ပြုမူဆောင်ရွက်သင့်ကြောင်း ကျောက်က ဆိုသည်။တရုတ်နိုင်ငံအနေဖြင့် ထိုအရာနှင့်ပတ်သက်၍ တစ်လျှောက်လုံး အခိုင်အမာရှင်းရှင်းလင်းလင်းပြောဆိုခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးညီလာခံတွင်ဆွေးနွေးမှုအရထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်မူကြမ်းတွင်  တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို အခိုင်အမာဖော်ပြထားပြီး အခြားနိုင်ငံများနှင့် ကျယ်ပြန့်သော သဘောတူညီချက်ကို ရောင်ပြန်ဟပ်နေကြောင်း ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့်အတူ ဆွေးနွေးညှိနှိုင်းမှု နှင့် ပူးပေါင်းကူညီမှုတွင် တက်တက်ကြွကြွပါဝင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

ဆုံးဖြတ်ချက်မူကြမ်းတွင် ပါဝင်သောအချက်များသည် “လွတ်လပ်သော သုံးသပ်ချက်” မှ လုံးဝကွဲပြားခြားနားသည်ဟု ဩစတြေးလျနိုင်ငံဘက်မှ စွပ်စွဲထားကြောင်း ကျောက်က ဆိုသည်။ဥပမာအားဖြင့် ဆုံးဖြတ်ချက်မူကြမ်းသည် မလျော်ကန်သည့်သုံးသပ်ချက်ဟုဖော်ပြမည့်အစား သတ်မှတ်ထားသောအချိန်တွင် ချင့်ချင့်ချိန်ချိန်အကဲဖြတ်ရန် အဆိုပြုထားကြောင်း၊ အခြားခေါင်းဆောင်မှုကို ပြောင်းရမည့်အစား WHO ၏ အရေးပါသည့် ဦးဆောင်အခန်းကဏ္ဍကို ထပ်လောင်းအတည်ပြုထားကြောင်းနှင့် နိုင်ငံတကာ ကျန်းမာရေးတုံ့ပြန်မှုများတွင် သီးခြားနိုင်ငံတစ်ခုကို ပစ်မှတ်ထား စုံစမ်းစစ်ဆေးမည့်အစား WHO က ညှိနှိုင်းဆောင်ရွက်ကာ အတွေ့အကြုံများနှင့် သင်ခန်းစာများကို ပေါင်းစုကြရန် တိုက်တွန်းထားကြောင်း ကျောက်က ပြောကြားခဲ့သည်။ ဩစတြေးလျနိုင်ငံအနေဖြင့် ထင်မြင်ချက်များကို အခြေပြုပြီး ကောက်ချက်များချမည့်အစား မူရင်းစာသားပါအကြောင်းအရာများကို ဂရုတစိုက် ဖတ်သင့်ရန် အကြံပြုကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.