Connect with us

Videos

ပူတင်က ၂၀၂၄ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း ကြေညာ

မော်စကို၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်က ၎င်းအနေဖြင့် လာမည့်နှစ်တွင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်ဟု ဒီဇင်ဘာ ၈ ရက်၌ အတည်ပြုခဲ့ကြောင်း ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။ရုရှားနိုင်ငံ၏ သူရဲကောင်းများအား Gold Star ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သော အခမ်းအနားပြီးနောက် ပူတင်နှင့် ရုရှားအထူးစစ်ဆင်ရေး၌ ပါဝင်သူများကြား အလွတ်သဘော စကားပြောကြားနေစဉ် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ရုရှားဖက်ဒရေးရှင်းအတွက် ကျွန်တော် သမ္မတရွေးကောက်ပွဲဝင်ပြိုင်မှာပါ” ဟု ပူတင်၏ ပြောကြားချက်အား ကိုးကား၍ ကရင်မလင်နန်းတော်က သတင်းဖော်ပြခဲ့သည်။ရုရှားဖက်ဒရေးရှင်းကောင်စီ သို့မဟုတ် အထက်လွှတ်တော်က လာမည့် သမ္မတရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျင်းပရန် ဒီဇင်ဘာ ၇ ရက်က တစ်ညီတစ်ညွတ်တည်း ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………………………
Putin announces plans to run for president in 2024
MOSCOW, Dec. 8 (Xinhua) — Russian President Vladimir Putin confirmed on Friday his plans to run for reelection next year, said the Kremlin.
The announcement was made during an informal conversation between Putin and participants of Russia’s special military operation, following a ceremony where he awarded Gold Star medals to Heroes of Russia.
“I will run for President of the Russian Federation,” the Kremlin said, citing Putin.
On Thursday, Russia’s Federation Council, or upper house of parliament, voted unanimously to hold the next presidential elections on March 17, 2024.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.