Connect with us

North America

သမ္မတထရမ့်က သွင်းကုန်ခွန် စည်းကြပ်ထားသော မက္ကဆီကို၊ ကနေဒါတို့မှ မော်တော်ယာဉ်ကုမ္ပဏီကြီး သုံးခုအား တစ်လကြာ အခွန်ကင်းလွတ်ခွင့်ပြုကြောင်း အိမ်ဖြူတော် ပြောကြား

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ သတင်းစာရှင်းလင်းပွဲအတွင်း ရှင်းလင်းပြောကြားနေသည့် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်အား ၂၀၂၅ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၆ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လတ်တလောတွင် သွင်းကုန်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ထားသည့် မက္ကဆီကိုနိုင်ငံနှင့် ကနေဒါနိုင်ငံတို့မှ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီး သုံးခုအား တစ်လကြာ အခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း အိမ်ဖြူတော်က မတ် ၅ ရက်၌ ပြောကြားခဲ့သည်။
“ကျွန်မတို့အနေနဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီး သုံးခုနဲ့ ဆွေးနွေးခဲ့ပြီး USMCA သဘောတူညီချက်အရ တင်သွင်းတဲ့ ဘယ်လိုမော်တော်ယာဉ်မျိုးကိုမဆို တစ်လကြာ အခွန်ကင်းလွတ်ခွင့်ပေးသွားမှာပါ။ အပြန်အလှန် စည်းကြပ်ခွန်ကောက်ခံမှုကတော့ ဧပြီ ၂ ရက်မှာ စတင်အသက်ဝင်လာဖို့ ရှိပါတယ်” ဟု အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သမ္မတထရမ့်က Ford ၊ General Motors နှင့် Stellantis စသည့် ကုမ္ပဏီသုံးခုနှင့် ဆွေးနွေးခဲ့ရာ၌ ၎င်းကုမ္ပဏီများက မေတ္တာရပ်ခံခဲ့ကြောင်း၊ သမ္မတကြီးက ၎င်းတို့အား တစ်လကြာ အခွန်ကင်းလွတ်ခွင့်ပြုရန် သဘောတူညီခဲ့ကြောင်း လဲဗစ်ထ်က ဆိုသည်။
ထရမ့်အနေဖြင့် မော်တော်ယာဉ်လုပ်ငန်းမှ တာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်အရ ယာယီဆိုင်းငံ့ပေးသည့်အနေဖြင့် လတ်တလော စည်းကြပ်ခွန် သတ်မှတ်ထားသော မက္ကဆီကိုနှင့် ကနေဒါတို့မှ မော်တော်ယာဉ်ကုမ္ပဏီများကို တစ်လကြာ အခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဟု ဘလွန်းဘတ် သတင်းဌာနက မတ် ၅ ရက် အစောပိုင်းတွင် ဖော်ပြခဲ့သည်။
အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီချက် (USMCA) ဆိုသည်မှာ ယခင် မြောက်အမေရိက လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (NAFTA) အား အစားထိုးရန် ရည်ရွယ်လျက် ထရမ့်၏ ပထမ သမ္မတသက်တမ်းအတွင်း ဆွေးနွေးညှိနှိုင်း၊ လက်မှတ်ရေးထိုးပြီး နောက်ဆုံးတွင် ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့သည့် ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1Ge

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုသို့ တက်ရောက်လာသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
Trump grants one-month exemption to big three automakers from Mexico, Canada tariffs: White House
WASHINGTON, March 5 (Xinhua) — The White House said on Wednesday that U.S. President Donald Trump is granting a one-month exemption to three major automakers from the newly imposed 25-percent tariffs on Mexico and Canada.
“We spoke with the big three auto dealers (makers), we are going to give a one-month exemption on any autos coming through USMCA. Reciprocal tariffs will still go into effect on April 2,” White House Press Secretary Karoline Leavitt told reporters at a press briefing.
Levitt said Trump has spoken with three companies — Ford, General Motors, and Stellantis — and they made this request. The president agreed to grant them a one-month tariff exemption.
Bloomberg News reported earlier Wednesday that Trump is exempting automakers from newly imposed tariffs on Mexico and Canada for one month, “as a temporary reprieve following pleas from industry leaders.”
The United States-Mexico-Canada Agreement (USMCA) is a trade agreement negotiated, signed, and ultimately enacted during Trump’s first term, aimed at replacing the former North American Free Trade Agreement (NAFTA). xhtxs.cn/1Ge
English Caption 1
White House press secretary Karoline Leavitt speaks at a press briefing at the White House in Washington, D.C., the United States, on March 5, 2025. (Xinhua/Hu Yousong)
English Caption 2
U.S. President Donald Trump attends a press conference at the White House in Washington D.C., the United States, Feb. 14, 2025. (Xinhua/Hu Yousong)