Connect with us

Africa & Middle East

စစ်ပွဲလုံးဝပြီးဆုံးသည်အထိ ဟော်မုဇ်ရေလက်ကြားကို စောင့်ကြည့်ထိန်းချုပ်သွားမည်ဟု အီရန် ဆို

ဟော်မုဇ်ရေလက်ကြားအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

အီရန်အနေဖြင့် စစ်ပွဲလုံးဝပြီးဆုံး၍ ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိသည်အထိ ဟော်မုဇ်ရေလက်ကြား သွားလာရေးကို စောင့်ကြည့်ထိန်းချုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု အီရန် ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီ (SNSC) အတွင်းရေးမှူးရုံးက အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများ၏ နောက်ဆုံးတိုးတက်မှုနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း အီရန် Nour သတင်းဌာန၏ ဧပြီ ၁၈ ရက်တွင် ဖော်ပြချက်အရ သိရသည်။ 

အကယ်၍ ရန်သူသည် စစ်မျက်နှာအားလုံး၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာပါက အပစ်အခတ်ရပ်စဲရေးကာလ မကုန်ဆုံးမီ ဟော်မုဇ်ရေလက်ကြားအား သတ်မှတ်ချက်များဖြင့် ယာယီ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်္ဘောအားလုံးသည် အီရန်လက်နက်ကိုင်တပ်ဖွဲ့၏ ထိန်းချုပ်မှုနှင့် ခွင့်ပြုချက်အောက်တွင် အီရန်မှ သတ်မှတ်ထားသော ရေလမ်းကြောင်းများအတိုင်း သွားလာရမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။အီရန်နိုင်ငံသည် အောက်ပါနည်းလမ်းများဖြင့် စောင့်ကြည့်ထိန်းချုပ်သွားမည်ဖြစ်သည်။ 

ယင်းတို့မှာ ဖြတ်သန်းသွားလာမည့် သင်္ဘော၏ သတင်းအချက်အလက် အပြည့်အစုံ ရယူခြင်း၊ အီရန်မှထုတ်ပြန်သော စည်းမျဉ်းများနှင့်အညီ ခွင့်ပြုချက်များထုတ်ပေးခြင်း၊ သက်ဆိုင်ရာ သင်္ဘောများအနေဖြင့် လုံခြုံရေး၊ ဘေးကင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် အခကြေးငွေများကို ပေးဆောင်ပြီး အီရန်မှထုတ်ပြန်သော ရေလမ်းကြောင်းများအတိုင်း လိုက်နာဖြတ်သန်းခြင်းတို့ဖြစ်သည်။ထို့အပြင် ရန်သူဘက်က သင်္ဘောများဖြတ်သန်းသွားလာမှုကို နှောင့်ယှက်ရန် ကြိုးပမ်းခြင်း၊ ပင်လယ်ပိတ်ဆို့မှုကဲ့သို့သော လုပ်ရပ်များကို ပြုလုပ်ပါက အီရန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု သတ်မှတ်မည်ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြား၏ သတ်မှတ်ချက်နှင့် အကန့်အသတ်ဖြင့် ဖွင့်လှစ်မှုကို တားဆီးမည်ဖြစ်သည်။ပါကစ္စတန်တပ်မတော် စစ်ဦးစီးချုပ် မကြာသေးမီရက်က တီဟီရန်မြို့သို့ အလည်အပတ်သွားရောက်စဉ်အတွင်း အမေရိကန်ဘက်က အဆိုပြုချက်အသစ်များကို အဆိုပြုခဲ့ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ အီရန်သည် ဤအဆိုပြုချက်များကို စဉ်းစားလျက်ရှိသော်လည်း တုံ့ပြန်မှု မရှိသေးပေ။ (Xinhua)

#ဟော်မုဇ်ရေလက်ကြား #တီဟီရန် #အီရန် #အမေရိကန်ဘက် #US #Iran

 ………………………………..

(Chinese Version)伊朗:对霍尔木兹海峡进行监控直至战争彻底结束新华社德黑兰4月18日电 据伊朗光明通讯社18日报道,伊朗最高国家安全委员会秘书处就与美国谈判的最新进展发表声明说,伊朗决心对霍尔木兹海峡的交通进行监督和控制,直至战争彻底结束、地区实现持久和平。声明说,如果敌人遵守所有战线的停火协议,霍尔木兹海峡将在停火期结束前暂时有条件地开放,所有船只均须在伊朗武装部队的控制和许可下,并沿伊朗指定的航线航行。伊朗将通过以下方式实施监督和控制:接收过往船只的完整信息;根据伊朗公布的规定签发通行证;相关船只支付与安保、安全和环境保护服务相关的费用,并遵守伊朗公布的航线。此外,只要敌方企图干扰船只通行并采取诸如海上封锁等手段,伊朗将视其为违反停火,并将阻止霍尔木兹海峡有条件和有限度地开放。声明还说,近日在巴基斯坦陆军参谋长访问德黑兰期间,美国方面提出了新的方案。伊朗正在考虑这些方案,但尚未作出回应。(完)图说:这是2025年2月19日拍摄的霍尔木兹海峡的资料照片。新华社记者 汪强 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.