Connect with us

China

တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက စာမရီနွားအား အောင်မြင်စွာ ပုံတူပြုလုပ်

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရှီးဇန့် (တန်းရှုံ) စာမရီနွား မျိုးပွားမွေးမြူရေး အခြေစိုက်စခန်းတွင် ပုံတူပြုလုပ်ထားသော စာမရီနွားပေါက်လေးအား ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ဇူလိုင် ၁၀ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၄၀ တွင် တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရှီးဇန့် (တန်းရှုံ) စာမရီနွား မျိုးပွားမွေးမြူရေး အခြေစိုက်စခန်း၌ ပထမဆုံး ပုံတူပြုလုပ်ထားသော စာမရီနွားအား ဗိုက်ခွဲ၍ မွေးဖွားပေးခဲ့ကြောင်း၊ ယင်းနွားပေါက်လေး၏ ကိုယ်အလေးချိန်မှာ ၃၃.၅ ကီလိုဂရမ်ဖြစ်ကြောင်း သတင်းထောက်က ဇူလိုင် ၁၁ ရက်တွင် အဆိုပါအခြေစိုက်စခန်းမှ သိရှိခဲ့သည်။

အဆိုပါအသစ်မွေးဖွားလာသည့် ပုံတူပြုလုပ်ထားသော စာမရီနွားပေါက်လေးသည် ပုံမှန်အသစ်မွေးဖွားသည့် နွားပေါက်လေးထက် အကောင်အနည်းငယ်ပိုကြီးကာ တစ်ကိုယ်လုံး အမည်းရောင်ဖြစ်ပြီး ပုံမှန် လမ်းလျှောက်သွားလာနိုင်ကြောင်း၊ လက်ရှိတွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သတင်းထောက်က မျိုးပွားမွေးမြူရေးစခန်း၌ တွေ့ရှိခဲ့ရသည်။

အဆိုပါရလဒ်သည် တရုတ်နိုင်ငံ ကျဲ့ကျန်းတက္ကသိုလ် ဖောင်းစိန့်ကော်အဖွဲ့နှင့် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းပြင်မြင့် ဇီဝသုတေသနဌာနတို့ ပူးတွဲလေ့လာဖော်ထုတ် ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ နှစ်နှစ်အတွင်း သိပ္ပံသုတေသနဝန်ထမ်းများသည် ကုန်းပြင်မြင့်ဒေသ၌ အောက်ဆီဂျင်နည်းပါးခြင်း၊ လက်တွေ့စမ်းသပ်သည့် စက်ပစ္စည်းလိုအပ်ခြင်း စသည့် အခက်အခဲများကို ကျော်ဖြတ်ကာ Genome တစ်ခုလုံး ရွေးချယ်ခြင်းနှင့် Somatic ဆဲလ် ပုံတူပြုလုပ်ခြင်း ဟူသည့် ပေါင်းစပ်နည်းပညာဖြင့် ပထမဆုံး ပုံတူပြုလုပ်ထားသော စာမရီနွားအား ပျိုးထောင်မွေးဖွားခဲ့ခြင်းဖြစ်သည်။

ကျဲ့ကျန်းတက္ကသိုလ် အမျိုးသား မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် တောရိုင်း အပင်နှင့်တိရစ္ဆာန် Germ plasm ဗီဇ ကာကွယ်ထိန်းသိမ်းရေးစင်တာ ဌာနမှူး ပါမောက္ခ ဖောင်းစိန့်ကော်က “ရှီးဇန့်ဒေသဟာ စာမရီနွားတွေ အဓိက အသက်ရှင်ကျက်စားတဲ့ဒေသဖြစ်ပြီး အရေအတွက် အတန်အသင့်များပြားပါတယ်။ စာမရီနွား ပုံတူပြုလုပ်တဲ့လုပ်ငန်း လုပ်ဆောင်တာဟာ ရှီးဇန့်ဒေသက စာမရီနွားမျိုးပွား ပျိုးထောင်မှုစနစ် တည်ဆောက်မှုအတွက် အထောက်အကူပြုတဲ့အပြင် မျိုးပွားတဲ့စွမ်းအင် အားကောင်းသော၊ အသားအထွက်နှုန်းမြင့်သော၊ ရောဂါဒဏ်ခံနိုင်ရည် မြင့်မားသော စာမရီနွားကို တိကျစွာ ပုံတူကူးနိုင်ပြီး အရည်အသွေးမြင့်အုပ်စုကို လျင်မြန်စွာတိုးချဲ့ခြင်းဖြင့် စာမရီနွားမွေးမြူရေးရဲ့ စီးပွားရေးအကျိုးစီးပွားကို မြှင့်တင်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရှီးဇန့် (တန်းရှုံ) စာမရီနွား မျိုးပွားမွေးမြူရေး အခြေစိုက်စခန်းတွင် ပုံတူပြုလုပ်ထားသော စာမရီနွားပေါက်လေးအား ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရှီးဇန့် (တန်းရှုံ) စာမရီနွား မျိုးပွားမွေးမြူရေး အခြေစိုက်စခန်းတွင် ဗိုက်ခွဲမွေးထားသော ပထမဆုံး ပုံတူပြုလုပ်ထားသည့် စာမရီနွား (အရှေ့) နှင့် ခွဲမွေးရာတွင် ပါဝင်ခဲ့သောဝန်ထမ်းများကို ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရှီးဇန့် (တန်းရှုံ) စာမရီနွား မျိုးပွားမွေးမြူရေး အခြေစိုက်စခန်းတွင် ပထမဆုံး ပုံတူပြုလုပ်ထားသည့် စာမရီနွား၏ မိခင်နွားအား ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
我国科学家成功克隆牦牛
新华社拉萨7月11日电(记者格桑边觉)记者11日从西藏(当雄)金丝野牦牛繁育基地了解到,10日中午12时40分,该基地剖腹诞生了第一头克隆牦牛,体重33.5公斤。
记者在繁育基地看到,这头新出生的克隆牛犊个头比正常新生牛犊较大,全身通黑,能够正常行走,目前身体状况良好。
据悉,这一成果是浙江大学方盛国团队和西藏自治区高原生物研究所联合攻关取得的。从2023年7月起的两年来,科研人员克服高原缺氧、实验设备短缺等困难,通过全基因组选择和体细胞克隆的复合技术,培育诞生了第一头克隆牦牛。
浙江大学国家濒危野生动植物种质基因保护中心主任方盛国教授说:“西藏是牦牛的主要生活区域,数量较大。开展牦牛克隆工作,不仅有助于西藏构建牦牛繁育体系,还可以精准复制繁育能力强、肉产量高、抗病性强的牦牛个体,快速扩大优质种群,提升牦牛养殖的经济效益。”(完)
1、2:7月11日在西藏(当雄)金丝野牦牛繁育基地拍摄的克隆牦牛。新华社记者 晋美多吉 摄
3:7月10日拍摄的在西藏(当雄)金丝野牦牛繁育基地剖腹诞生的第一头克隆牦牛(前),以及参与接生的工作人员。新华社发(朱永俊 摄)
4:7月11日在西藏(当雄)金丝野牦牛繁育基地拍摄的第一头克隆牦牛的母牛。新华社记者 晋美多吉 摄