Politics, Law & Military
(တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်း ကုန်စည်ပြပွဲက ဆန်းသစ်တီထွင်မှုနှင့် ဝယ်ယူသုံးစွဲမှု အလားအလာသစ်များကို ထိထိရောက်ရောက် အသုံးချလျက်ရှိ
ဟိုင်ခို၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော လူသုံးကုန်ဈေးကွက်ဆီသို့ ဝင်ရောက်ရာ အဓိက တံခါးပေါက်တစ်ခု ဖြစ်သကဲ့သို့ ကမ္ဘာပေါ်ရှိ အခြားနေရာဒေသများသို့ အရည်အသွေးမြင့် လူသုံးကုန်ပစ္စည်းများ ပိုမိုပေးသွင်းရာတွင် တရုတ်နိုင်ငံအတွက် ပလက်ဖောင်းတစ်ခုလည်းဖြစ်သည့် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲ (CICPE) သည် တရုတ်နိုင်ငံ၏ ဟိုင်နန် အပူပိုင်းကျွန်းပြည်နယ်တွင် ဧပြီ ၁၈ ရက်၌ ကျင်းပပြီးစီးမည်ဖြစ်သည်။
ဟိုင်နန်ကျွန်းတစ်ခွင် အထူးအကောက်ခွန်လုပ်ငန်းများကို လွန်ခဲ့သော ဒီဇင်ဘာလက အပြည့်အဝ စတင်ခဲ့ပြီးနောက် ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) ၏ အားသာချက်များကို ထုတ်ဖော်ပြသသည့် အထင်ကရ အခမ်းအနားတစ်ခု ဖြစ်သည့်အလျောက် ယခုနှစ် ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ၏ တစ်ဆင့်တိုး တံခါးဖွင့်လှစ်ရေး ကြိုးပမ်းမှုများကြား ဝယ်ယူသုံးစွဲမှု အလားအလာသစ်များကို ဆန်းသစ်တီထွင်မှုဖြင့် ဦးဆောင်လျက်ရှိသည်ဟု ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်း၌ ဆွေးနွေးပြောဆိုချက်များအရ သိရသည်။ ဆန်းသစ်တီထွင်မှု၏ ဦးဆောင်မှုဖြင့် ဝယ်ယူသုံးစွဲမှုကို မောင်းနှင်တွန်းအားပေးခြင်း”တံခါးဖွင့်လှစ်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်ယူသုံးစွဲမှုကို မောင်းနှင်ပေးခြင်း၊ ဆန်းသစ်တီထွင်မှုဖြင့် ပိုမိုကောင်းမွန်သော လူမှုဘဝကို အားဖြည့်ထောက်ကူပေးခြင်း” ဟု အမည်ပေးထားသော ယခုနှစ် ကုန်စည်ပြပွဲမှာ နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်မှ ကုန်အမှတ်တံဆိပ် ၃,၄၀၀ ကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲကို လာရောက်လေ့လာနေသူများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နိုင်ငံတကာမှ ပြပွဲပြသမှုများမှာ ပြပွဲပြသမှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းရှိခဲ့ရာ ပြီးခဲ့သည့်တစ်ကြိမ်ကထက် ရာခိုင်နှုန်းပွိုင့် ၂၀ မြင့်တက်ခဲ့ကြောင်း သိရသည်။ “အခုနှစ် ကုန်စည်ပြပွဲမှာ ပွဲဦးထွက်ပါဝင်ပြသခဲ့တဲ့ ထုတ်ကုန်သစ် ၂၀၀ ကျော်ရှိတာမို့ ပြီးခဲ့တဲ့နှစ်ထက် နှစ်ဆပိုမိုများပြားလာခဲ့တယ်” ဟု ဟိုင်နန်ပြည်နယ် နိုင်ငံတကာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဗျူရိုမှ ဦးဆောင်စီးပွားရေးပညာရှင် ကျိန်းရုန်က အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲ၌ စမတ်မျက်မှန်များကို လေ့လာစမ်းသပ်နေသူများအား ၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ထို့ပြင် ယင်းကုန်စည်ပြပွဲက အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များအား ဝယ်ယူသုံးစွဲမှုနှင့် ပေါင်းစပ်မှုကို မီးမောင်းထိုးပြခဲ့ရုံသာမက AI မျက်မှန်၊ AI နည်းပညာ ပေါင်းစပ်ထည့်သွင်းထားသော စက်ရုပ် စသည့် နောက်ဆုံးပေါ် နည်းပညာထုတ်ကုန်များကိုလည်း အလေးပေးပြသခဲ့သည်ဟု ကျိန်းက ပြောသည်။ “ကျွန်မတို့အနေနဲ့ ဝယ်လိုအားပြည့်မီရုံ ဖြည့်ဆည်းပေးတာမျိုး မဟုတ်တော့ဘဲ အဲဒီဝယ်လိုအားကို ဖန်တီးနေတာဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
Spatial intelligence နှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးသော ဦးဆောင်ကုမ္ပဏီဖြစ်သည့် ဟန်ကျိုးမြို့အခြေစိုက် Manycore Tech သည် CICPE ၌ ယင်း၏ အထင်ကရ AI ဒီဇိုင်နာကို ပွဲဦးထွက် မိတ်ဆက်ပြသခဲ့ကာ ယင်းသည် စက်ရုပ်များအား ကျွမ်းကျင်ဒီဇိုင်နာများကဲ့သို့ လည်ပတ်လုပ်ကိုင်နိုင်စေပြီး သုံးစွဲသူများအနေဖြင့် spatial ဒီဇိုင်းများကို ဖန်တီးနိုင်စေရန်လည်း အထောက်အကူပေးလျက်ရှိသည်။ Manycore Tech ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ထန်ရှီဖုန်း ကလည်း “ကျွန်တော်တို့အနေနဲ့ AI နည်းပညာနဲ့ spatial intelligence နည်းပညာတို့မှာ လတ်တလော တိုးတက်အောင်မြင်မှုတွေကို CICPE ကတစ်ဆင့် ကမ္ဘာ့ဈေးကွက်ကို ပြသပေးနေတာဖြစ်လို့ ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ ထုတ်ကုန်တွေကို ပိုပြီးလူသိများလာစေတယ်” ဟု ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။https://english.news.cn/20260418/559cbc5aa89447e895acba581275b20b/c.html#ConsumerGoodsExpo #ChinaEconomicRoundtable #လူသုံးကုန်ပစ္စည်းကုန်စည်ပြပွဲ #တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ
……………………………………………………..
English Version)
(China Economic Roundtable)
Xinhua Headlines: China’s consumer goods expo rides wave of innovation, new consumption trendsHAIKOU, April 18 (Xinhua) — The sixth China International Consumer Products Expo (CICPE), a key gateway into China’s vast consumer market and a platform for China to offer more quality consumer products to the rest of the world, is scheduled to conclude in the tropical island province of Hainan Saturday.As a major event showcasing the Hainan Free Trade Port (FTP) after it fully launched island-wide special customs operations last December, this year’s expo has led new
consumption trends through innovation amid China’s further opening-up efforts, according to the latest episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency.DRIVING INNOVATION-LED CONSUMPTIONThemed “Opening Up Drives Global Consumption, Innovation Empowers A Better Life,” this year’s expo has attracted more than 3,400 brands from over 60 countries and regions. International exhibits account for 65 percent of the total, up 20 percentage points from the previous edition.”More than 200 new products made their debut at this year’s expo, twice as many as last year,” Zeng Rong, chief economist at Hainan provincial bureau of international economic development, told the roundtable.The expo has also highlighted the integration of new quality productive forces with consumption, spotlighting cutting-edge tech products such as AI eyewear and embodied robots, according to Zeng. “We are no longer just meeting demand; we are creating it,” she said.Manycore Tech, a Hangzhou-based leading spatial intelligence service provider, debuted its flagship AI designer at the CICPE, which enables robots to function like professional designers and assist users in creating spatial designs.”Through the CICPE, we are showcasing our latest achievements in AI and spatial intelligence to the global market, allowing more people to understand our technology and products,” said Tang Xifeng, vice president of Manycore Tech.https://english.news.cn/20260418/559cbc5aa89447e895acba581275b20b/c.htmlEnglish Caption 1Guests attend the 30th episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Guo Cheng)English Caption 2People visit the sixth China International Consumer Products Expo (CICPE) in Haikou, south China’s Hainan Province, April 13, 2026. (Xinhua/Zhang Liyun)English Caption 3Visitors wear smart glasses during the sixth China International Consumer Products Expo
(CICPE) in Haikou, south China’s Hainan Province, April 13, 2026. (Xinhua/Zhang Liyun)
