Videos
တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဖူကျို-ဖိန်ထန် ရထားလမ်း တည်ဆောက်မှုပြီးစီး
ဖူကျန့် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရှိ ဖူကျို နှင့် ဖိန်ထန်အကြား ဆက်သွယ်ထားသော မီးရထားလမ်းခင်းခြင်းလုပ်ငန်းသည် ဇူလိုင် ၂၈ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါရထားလမ်းပိုင်းသည် တစ်နာရီလျှင်အမြင့်ဆုံးကီလိုမီတာ ၂၀၀ ထိ ပြေးဆွဲနိုင်ရန် ဒီဇိုင်းဆွဲထားပြီး၊ အရှည် ၈၈.၄ ကီလိုမီတာရှိသော ယင်းမီးရထားလမ်းပိုင်းသည် ၂၀၂၀ ပြည့် နှစ် နှစ် ကုန်ပိုင်း တွင်စတင်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ရထားလမ်းပိုင်း ၏ ၇၉ ရာခိုင်နှုန်းသည် ဥမင်လိုဏ်ခေါင်းများ နှင့် တံတားများပါဝင်ပြီး ဖိန်ထန်ရေလက်ကြားပေါ်တွင်တည်ဆောက်ထားသော အပိုင်းသည် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူး ကား-ရထားလမ်းတံတားဖြစ် ကြောင်းသိရသည်။ (Xinhua)