Connect with us

Asia

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ Rashakai အထူးစီးပွားရေးဇုန် လက်တွေ့အကောင်အထည်ဖော် တည်ဆောက်မှုများ စတင် 

ပါကစ္စတန်နိုင်ငံ Gwadarဆိပ်ကမ်းမြင်ကွင်းအား ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) 

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)မူဘောင်အောက်ရှိ ပါကစ္စတန် Rashakai အထူးစီးပွားရေးဇုန်စီမံကိန်း ဖွံ့ဖြိုးရေး သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက်က အစ္စလာမ်မာဘတ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းသည် ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်စွာ ပြီးဆုံး၍ လက်တွေ့အကောင်အထည်ဖော် တည်ဆောက်မှုအပိုင်းသို့ လျှောက်လှမ်းလာခြင်းဖြစ်သည်။

Rashakai အထူးစီးပွားရေးဇုန်စီမံကိန်း ဖွံ့ဖြိုးရေးသည် စီမံကိန်းတည်ရှိရာ Khyber Pakhtunkhwaပြည်နယ်၏ စက်မှုအဆင့်အတန်းကို များစွာမြှင့်တင်ပေးနိုင်မည်ဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်း အမြောက်အမြားကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khan က  သဘောတူညီစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ 

ပါကစ္စတန်နိုင်ငံ Gwadarဆိပ်ကမ်းမြင်ကွင်းအား ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးသည် တရုတ်နိုင်ငံ စက်မှုလုပ်ငန်းများ ရွှေ့ပြောင်းလာရန် တွန်းအားဖြစ်စေရာ ထိုမှတစ်ဆင့် ပါကစ္စတန်သည် အကျိုးစီးပွားခံစားမှုများ ရရှိလာမည်ဖြစ်ကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)သည် ဒေသတွင်း အပြန်အလှန်ချိတ်ဆက်မှုအတွက် အကျိုးဖြစ်ထွန်းစေသလို ပါကစ္စတန်နှင့် အလယ်အာရှနိုင်ငံများအကြား ကုန်သွယ်ရေး ဖွံ့ဖြိုးရန် တွန်းပို့အား ဖြစ်စေရာ ဒေသတစ်ခုလုံး၏စည်ပင်ဝပျောရေးကို ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း Imran Khan က ဆိုသည်။ 

ပါကစ္စတန်နိုင်ငံ Karakoram အမြန်လမ်းမကြီး တည်ဆောက်နေမှုအား ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Rashakai အထူး စီးပွားရေးဇုန် စီမံကိန်းကို China Road and Bridge Corporation (CRBC) နှင့် Khyber Pakhtunkhwa Economic Zones Development and Management Company တို့မှ ပူးတွဲအကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ Karakoram အမြန်လမ်းမကြီး တည်ဆောက်နေမှုအား ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

CRBC မိတ်ဆက်ပြောကြားချက်များအရ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံမူဘောင်အောက် စက်မှုဥယျာဉ် ပူးပေါင်းဆောင်ရွက်မှု၏ ဦးစားပေးစီမံကိန်းအနေဖြင့် Rashakai အထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်-ပါကစ္စတန် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက် ဦးဆောင်စံပြအဖြစ် စီးပွားရေးစင်္ကြံ၏ အရည်အသွေးမြင့်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။ 

ပါကစ္စတန်နိုင်ငံ Lahoreမြို့ လိမ္မော်ရောင် ရထားလမ်းစီမံကိန်း တည်ဆောက်ပြီးစီးသည့် မြင်ကွင်းအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ Lahoreမြို့ လိမ္မော်ရောင် ရထားလမ်းစီမံကိန်း တည်ဆောက်ပြီးစီးသည့် မြင်ကွင်းအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Rashakai အထူး စီးပွားရေးဇုန်စီမံကိန်း၏ စုစုပေါင်း လျာထားသော မျက်နှာပြင် ဧရိယာ ၄၀၆.၇ ဟက်တာရှိပြီး ကာလအပိုင်းအခြား သုံးခု ခွဲ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံ၏ အရင်းအမြစ်အားသာချက်နှင့်ဈေးကွက်လိုအပ်ချက်အရ စက်မှုဇုန်မှ စက်ပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ စားသောက်ကုန် ကုန်ချော၊ အထည်လိပ်သားရေ၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ ဂိုဒေါသိုလှောင်ရေးနှင့်သယ်ယူပို့ဆောင်ရေးစသည် လုပ်ငန်းများနှင့်ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်းများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စက်မှုဇုန်သည် ရင်းနှီးမြှုပ်နှံမှုများကို တရားဝင် ဖိတ်ခေါ်လျက် ရှိကြောင်း သိရသည်။ (Xinhua)