Connect with us

Asia

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ သီရိလင်္ကာနိုင်ငံ၏ အခင်းအကျင်းကိုပြောင်းလဲလာစေမည်ဟု သီရိလင်္ကာ တာဝန်ရှိသူပြော

သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့ရှိကိုလံဘိုဆိပ်ကမ်းမြို့ စီမံကိန်းတည်ဆောက်နေသည်ကိုတွေ့ရစဉ် (XINHUA/CHEC Port City Colombo (Pvt) Ltd)

ကိုလံဘို၊စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများက သီရိလင်္ကာနိုင်ငံ၏ အခင်းအကျင်းကို ပြောင်းလဲလာစေမည်ဖြစ်ကြောင်း မြို့တော်ကိုလံဘိုရှိ တရုတ်နိုင်ငံတည်ဆောက်လျက်ရှိသည့် စီမံကိန်းကိုလာရောက်လည်ပတ်သည့် ခရီးစဉ်တွင် သီရိလင်္ကာဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး TharakaBalasuriya က ပြောကြားခဲ့သည်။

Balasuriya သည် နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းသံတမန်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ကာ ၃၅၆ မီတာ အမြင့်ရှိ ကြာပန်းမျှော်စင် (Lotus Tower) နှင့်၂၆၉ ဟက်တာ ကျယ်ဝန်းသည့် ကိုလံဘိုဆိပ်ကမ်းမြို့တော် စီမံကိန်းများသို့ သွားရောက်လည်ပတ်ခဲ့သည်။

အဆိုပါ ခရီးစဉ်ကို ယာယီတာဝန်ခံသံမှူး Hu Wei အပါအဝင် သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှတာဝန်ရှိသူများ၊ ကိုလံဘိုဆိပ်ကမ်းမြို့တည်ဆောက်ရေး CHEC Port City Colombo (Pvt) Ltd မှ ကိုယ်စားလှယ်များ ပူးပေါင်းလိုက်ပါခဲ့ကြသည်။

ဆင်ဟွာနှင့် အင်တာဗျူးတစ်ခုတွင် Balasuriyaက တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများအတွက် သီရိလင်္ကာအစိုးရက ဝမ်းမြောက်ကြောင်းနှင့် ကာကွယ်မှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။“တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက သီရိလင်္ကာနိုင်ငံရဲ့ အခင်းအကျင်းကို ပြောင်းလဲလာစေမှာဖြစ်ပြီး တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီများနှင့် မိတ်ဖက်ဆောင်ရွက်သွားလိုပါတယ်”ဟု Balasuriyaကဆိုသည်။

သီရိလင်္ကာ အစိုးရအနေဖြင့် CHEC မှ အမေရိကန်ဒေါ်လာ ၁.၄ သန်း အစပျိုးရင်းနှီးမြှုပ်နှံမှုထားသည့် ကိုလံဘိုဆိပ်ကမ်းမြို့ လုပ်ငန်းတွင်ကျယ်စေဖို့ စိတ်ပါဝင်စားလျက်ရှိပြီး အဆိုပါစီမံကိန်းသည် အလုပ်အကိုင်ပေါင်း ၈၀,၀၀၀ ကျော်နှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားကြောင်း Balasuriyaက ပြောခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် ကိုလံဘိုဆိပ်ကမ်းမြို့တွင် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် တစ်ခုထောက်ပံ့ကူညီရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကိုမဆို တံခါးဖွင့်ပေးမည့် စီမံကိန်းဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ကိုလံဘိုဆိပ်ကမ်းမြို့နှင့် အခြားစီမံကိန်းများဆိုင်ရာ သီရိလင်္ကာနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ရာဘာ-စပါးသဘောတူစာချုပ် (Ruber-Rice Pact) စိတ်ဓာတ်ကို ဆက်လက်သယ်ဆောင်လာခြင်းပင်ဖြစ်ကြောင်း သံရုံးယာယီတာဝန်ခံ Hu Wei ကပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.