Connect with us

WORLD

COVID-19 တိုက်ဖျက်ရေးအတွက် ဥရုဂွေးနိုင်ငံက တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ထပ်မံရရှိ

ဥရုဂွေးနိုင်ငံ ဆေးရုံတစ်ခု၌ ဒုတိယ သမ္မတ Beatriz Argimon အား ကျန်းမာရေးဝန်ထမ်းတစ်ဦးက တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ထိုးနှံပေးနေစဉ်(ဆင်ဟွာ)

မွန်တီဗီဒီယို ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

ဥရုဂွေးနိုင်ငံသည် တရုတ်ဆေးဝါး Sinovac ကုမ္ပဏီမှ ထုတ်လုပ်သော CoronaVac ကာကွယ်ဆေး နောက်ထပ်တစ်သုတ်ကို မတ် ၁၆ ရက်တွင် ရရှိခဲ့ပြီး ယင်းမှာ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် ပြည်သူများအကြား ကိုယ်ခံအားစနစ်ရရှိစေရန် ဆေးထိုးနှံခြင်း တွန်းအားပေးမှု ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးများ သယ်ဆောင်လာသော ကုန်တင်လေယာဉ်တစ်စင်းသည် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ဥရုဂွေးနိုင်ငံ Carrasco အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မတ် ၁၆ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဥရုဂွေးနိုင်ငံသည် Sinovac ကုမ္ပဏီမှ ကာကွယ်ဆေး ပထမသုတ် ရောက်ရှိလာပြီးနောက် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို မတ် ၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ယခုအခါတွင် အနည်းဆုံး ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသူများ နှင့်အတူ လူဦးရေ ၇ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သောအပတ်တွင် ဒုတိယသမ္မတ Beatriz Argimon နှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီး Daniel Salinas တို့သည် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို အသက် ၅၀ မှ ၇၀ အရွယ်ရှိ ပြည်သူများ ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ ပညာရေး နှင့် လုံခြုံရေး ကဏ္ဍတို့တွင် မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်နေရသူများအတွက် ဦးစားပေးသွားရန် ရည်ရွယ်ကြောင်း သိရသည်။
ဥရုဂွေးနိုင်ငံ၌ မတ် ၁၅ ရက်အထိ COVID-19 လူနာ ၇၂,၈၆၂ ဦး နှင့် သေဆုံးသူ ၇၁၇ ဦး ရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Uruguay receives new batch of Chinese vaccine against COVID-19
MONTEVIDEO, March 16 (Xinhua) — Uruguay on Tuesday received a new batch of CoronaVac vaccines from Chinese pharmaceutical firm Sinovac to bolster its immunization drive against COVID-19.
A cargo plane carrying the doses landed at Carrasco International Airport in the afternoon on a flight from Beijing.
Uruguay launched a vaccination campaign on March 1 to combat COVID-19 following the arrival of the first batch of vaccines also from Sinovac.
More than 7 percent of the population has now been immunized with at least a first dose.
Last week, Vice President Beatriz Argimon and Minister of Public Health Daniel Salinas received their first dose of the vaccines.
Initially, the vaccination campaign targets people aged 50 to 70 and essential workers in the healthcare, education and security sectors.
The South American country has registered 72,862 coronavirus cases with 717 deaths as of Monday. Enditem