Asia
CPEC က ပါကစ္စတန်နိုင်ငံရှိ ဆင်းရဲသောဧရိယာများထံ ကြွယ်ဝချမ်းသာမှုကို ဆောင်ကြဉ်းပေး
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) သည် အနောက်တောင်ပိုင်း Balochistan ပြည်နယ် အပါအဝင် ပါကစ္စတန်နိုင်ငံရှိ ဆင်းရဲသောဧရိယာများထံ ကြွယ်ဝချမ်းသာမှုကို ဆောင်ကြဉ်းပေးလျက်ရှိကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် CPEC ရေးရာ အထူးလက်ထောက် ခါလစ်မန်ဆော (Khalid Mansoor) က ဒီဇင်ဘာ ၉ ရက်က ပြောကြားခဲ့သည်။
“အစ္စလာမ်မာဘတ်မြို့ အခြေစိုက် ရေရှည်တည်တံ့သော ဖွံ့ဖြိုတိုးတက်မှုမူဝါဒအင်စတီကျု ပညာရှင်အဖွဲ့မှ ဦးစီးကျင်းပသော “ပေါ်ထွန်းလာသော ဒေသတွင်းအခြေအနေထဲက CPEC” ဟူသော အစည်းအဝေးတွင် CPEC က ပါကစ္စတန်နိုင်ငံရှိ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံး အခက်အခဲဖြစ်သည့် လျှပ်စစ်ရှားပါးမှုကို ဖြေရှင်းရန် အထောက်အကူပြုလျက်ရှိကြောင်း အဆိုပါ တာဝန်ရှိသူက အလေးထားပြောခဲ့သည်။
CPEC အောက်တွင် စွမ်းအင်စီမံကိန်း အမြောက်အများ စီးပွားဖြစ်လုပ်ငန်းလည်ပတ်ခြင်းမပြုမီ ပါကစ္စတန်နိုင်ငံသည် လျှပ်စစ်မီးအကျပ်အတည်း အဆိုးဝါးဆုံး ခံစားခဲ့ရပြီး တစ်နေ့လျှင် ၁၂ နာရီမှ ၁၈ နာရီအထိ ဝန်အားလျှော့ချလျက် ရှိပြီး စက်မှုလုပ်ငန်းထုတ်လုပ်မှုအပေါ် အနှောင့်အယှက်ဖြစ်စေခဲ့သည်။
“ဘယ်လျှပ်စစ်မဆို ကျွန်တော်တို့ထုတ်လုပ်တာက ကုန်ကျစရိတ်အကြီးမားဆုံးဖြစ်နေတယ်။ နိုင်ငံတကာဈေးကွက်နဲ့ ယှဉ်ပြိုင်လို့မရဘူး။ ဒီအချက်က ကျွန်တော်တို့မှာ ပို့ကုန် အလေးထားဖို့ ဆုံးရှုံးနေရတယ်” ဟု မန်ဆောက ပြောခဲ့သည်။
၎င်း၏နိုင်ငံအနေဖြင့် ငွေကြေးကုန်ကျမှုမများဘဲ လျှပ်စစ်ထုတ်လုပ်လိုကြောင်းနှင့် တောင်ပိုင်း Sindh ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းများကို အသုံးပြုလိုကြောင်း ပြောကြားခဲ့သည်။
“ကံမကောင်းစွာနဲ့ပဲ စွမ်းအင်စီမံကိန်းတွေအတွက် ရန်ပုံငွေက မရှိဘူးဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က တရုတ်နိုင်ငံကို အားထားနေရပြီး ကျွန်တော်တို့ကို အမှန်တကယ် ကူညီနေတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ပါတယ်”ဟု ၎င်းက ဆိုသည်။
CPEC အောက်ရှိ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံများအား ပတ်ဝန်းကျင်နှင့် ကိုက်ညီသော လျှပ်စစ်ထုတ်လုပ်ရန် နောက်ဆုံးပေါ်နည်းပညာ တပ်ဆင်ထားကြောင်း တာဝန်ရှိသူက မှတ်ချက်ပြုခဲ့သည်။
“ပါကစ္စတန်က ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံတွေ တည်ဆောက်နေတာက လေထုထဲကို မည်းမှောင်နေတဲ့ မီးခိုးငွေ့တွေကို လေထုထဲ ထုတ်လွှတ်နေလိမ့်မယ်ဆိုပြီး ဝါဒဖြန့်နေတာရှိပါတယ်။ ကျွန်တော် စိန်ခေါ်ရဲပါတယ်။ အကယ်၍ ခင်ဗျားတို့ CPEC ကျောက်မီးသွေး စွမ်းအင်စက်ရုံတွေကို သွားရောက်လေ့လာမယ်ဆိုရင် ဒီစက်ရုံတွေက လေထုထဲကို မည်းမှောင်နေတဲ့မီးခိုးငွေ့တွေ ထုတ်လွှတ်နေသလား အလွန့်အလွန်ကိုသန့်ရှင်းတဲ့ မီးခိုးစွန့်ထုတ်တဲ့ဓာတ်ငွေ့ စွန့်ထုတ်နေသလားဆိုတာကို တွေ့ပါလိမ့်မယ်။ ပြီးတော့ စက်ရုံရဲ့ နံရံတွေနဲ့ ကြမ်းခင်းတွေက ခင်ဗျားတို့ရဲ့ ပန်းချီဆွဲခန်းကထက် သန့်ရှင်းနေတာကိုလည်း တွေ့ရမှာပါ” ဟု ၎င်းက ဆိုသည်။
CPEC က နိုင်ငံအတွင်း ကောင်းစွာချိတ်ဆက်မှုမှတစ်ဆင့် မော်တော်ကားလမ်းများ၊ လမ်းမများနှင့် ဂွာဒါဆိပ်ကမ်းမှတစ်ဆင့် ပါကစ္စန်နိုင်ငံအား အရှေ့အလယ်ပိုင်း၊ အလယ်အာရှနှင့် အာဖရိကသို့ ကွန်ရက်ချိတ်ဆက်မှုကို မြှင့်တင်ပေးလျက်ရှိကြောင်း မန်ဆောက ပြောခဲ့သည်။
စက်မှုလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် လူမှု-စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဓိကထားသော CPEC အဆင့် ၂ သည် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးခြင်းနှင့်အတူ ပို၍ အလားအလာရှိကြောင်း ၎င်းက ဆိုသည်။
“အထူးစီးပွားရေးဇုန်တွေထဲမှာ စီမံကိန်းတွေက စတင်ဖော်ဆောင်ပြီး အကောင်အထည်ဖော်လိုက်တာနဲ့ ကျွန်တော်တို့မှာ စက်မှုလုပ်ငန်း အသွင်ပြောင်းလဲမှုရှိလာမှာဖြစ်တယ်။ ပါကစ္စတန်အနေနဲ့ အဓိက ကုန်ထုတ်လုပ်မှု အချက်အချာဖြစ်ချင်ပါတယ်။ ကျွန်တော်တို့ သွင်းကုန်အစားထိုးဖို့နဲ့ ပို့ကုန်အသားပေးဖို့ လိုအပ်တယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အောင်မြင်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို လေ့လာသင့်ကြောင်းနှင့် ကမ္ဘာ့ ကုန်ထုတ်လုပ်မှု အချက်အချာကြီးအဖြစ် ပြောင်းလဲခြင်းဖြင့် အားကောင်းသော စက်မှုလုပ်ငန်းထူထောင်ခြင်း လုပ်ဆောင်ခဲ့သည့် တရုတ်နိုင်ငံ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်သင့်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ပါကစ္စတန်နိုင်ငံသည် အလုပ်သမားစရိတ် အလွန်သက်သာသောကြောင့် ပြည်ပစီးပွားရေးလုပ်ငန်းများအတွက် နေရာပြောင်းရွှေ့ရန် လွန်စွာကိုက်ညီကြောင်း၊ ပါကစ္စတန်နိုင်ငံတွင် CPEC အောက်ရှိ အထူးစီးပွားရေးဇုန်များ၌ ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံနှင့် အခြားသောနိုင်ငံများထံ ကုမ္ပဏီများအား တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
—————————————
(English Version)
CPEC brings prosperity to poor areas in Pakistan: official
Source: Xinhua| 2021-12-10 09:09:43|Editor: huaxia
ISLAMABAD, Dec. 10 (Xinhua) — The China-Pakistan Economic Corridor (CPEC) has brought prosperity to poor areas in Pakistan including those in southwestern Balochistan province, Khalid Mansoor, special assistant to Pakistani Prime Minister on CPEC affairs said here on Thursday.
Speaking at the session “CPEC in the Emerging Regional Scenario” organized by Islamabad-based think tank the Sustainable Development Policy Institute, the official stressed that CPEC has contributed to resolving the electricity shortage in Pakistan — a big hurdle to industrial development.
Before the commercial operation of a number of energy projects under CPEC, Pakistan was suffering probably its most severe power crisis, with 12-18 hours of load shedding in a day, interrupting industrial production.
“Whatever power we were producing was most expensive, and not competitive in the international market, and that was the reason we were losing export orientation,” Mansoor said.
He said his country wants to have cost-effective power, and wants to make use of coal mines in the southern Sindh province.
“Unfortunately, no funding was available for the power projects. So this is when we really resorted to China, and thanks to China for really helping us out,” he said.
The official noted that the coal-fired power plants under CPEC have installed the state-of-the-art technology to make electricity production eco-friendly.
“There used to be propaganda that Pakistan is installing coal power plants which will emit dark soot in the air. I challenge you that if you visit CPEC coal power plants, you will witness that rather than throwing dark soot into the air they are emitting very clean and clear flue gas, and their walls and floor are cleaner than those in your drawing rooms,” he said.
Mansoor said CPEC has enhanced Pakistan’s connectivity to the Middle East, Central Asia and Africa, through making the country well-connected internally to a network of motorways, roads and the Gwadar port.
He said the phase 2 of CPEC which focuses on industrial, agricultural and socio-economic cooperation is more promising, with more job opportunities expected.
“Once we start developing and executing the projects in the special economic zones, we are going to have the industrial revolution, and Pakistan is going to be the main manufacturing hub. We need to have the import substitution, and we need to have the export orientation,” he noted.
The official said his country should learn from China’s successful development experiences and follow the footsteps of China which developed strong industrialization by becoming a large manufacturing hub of the world.
He said Pakistan has a very compatible environment for foreign industries to get relocated here as labor in Pakistan is very cheap, adding that the country will encourage companies from China and any other countries to invest in the special economic zones under CPEC in Pakistan. Enditem
Photo taken on May 16, 2018 shows the Orange Line Metro Train (OLMT) during a test run in eastern Pakistan’s Lahore. Pakistani Prime Minister Imran Khan said on Wednesday that the China-Pakistan Economic Corridor (CPEC) will bring a host of economic opportunities for the country’s southwest Balochistan province, local reports said. (Xinhua/Jamil Ahmed)