Connect with us

Economy

တရုတ်-ဗီယက်နမ် ကုန်တင်ရထားခရီးစဉ်များ ပထမသုံးလပတ်အတွင်း ၂၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ နန်နင်းအပြည်ပြည်ဆိုင်ရာရထားဘူတာ၌ တရုတ်-ဗီယက်နမ် ကုန်တင်ရထားတစ်စင်းပေါ်သို့ ကုန်သေတ္တာများ တင်ဆောင်နေသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၂၁ ရက်တွင် တွေ့ရစဉ် (China Railway Nanning Group Co., Ltd./Handout via Xinhua)

နန်နင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်-ဗီယက်နမ် ကုန်တင်ရထားခရီးစဉ် ၉၈ ခုအား ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သောနှစ်ကထက် ၂၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း China Railway Nanning Group ကုမ္ပဏီထံမှ သိရသည်။ယင်းကာလအတွင်း ကုန်ပစ္စည်း ၂,၉၄၀ TEUs အား တရုတ်-ဗီယက်နမ် ကုန်တင်ရထားများဖြင့် သယ်ယူပို့ဆောင်ခဲ့ပြီး နှစ်အလိုက် ၃၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်စတင်ချိန်ကတည်းက ယင်းဒေသသည် နယ်စပ်ဖြတ်ကျော်ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် တိုးပွားမှုအရှိန်အဟုန် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာသည်ကို တွေ့မြင်ရသည်။ ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပြည်ပကုန်တင်ရထား စုစုပေါင်း ၅၇ စင်း ထွက်ခွာသွားခဲ့ပြီး နှစ်အလိုက် ၁၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ရထားဝန်ဆောင်မှုလုပ်ငန်း၏ အဓိကတင်ပို့မှုများတွင် တရုတ်နိုင်ငံ၌ ပြုလုပ်သည့် စက်ပစ္စည်းကိရိယာများ နှင့် အီလက်ထရောနစ်ထုတ်ကုန်များ ပါဝင်ခဲ့ပြီး အသီးအနှံများသည် အဓိကသွင်းကုန်ကဏ္ဍတွင် ဆက်လက်တည်ရှိနေသည်။ ဧပြီလ ၁ ရက်အထိ အသီးအနှံ တန်ချိန် ၁၁,၃၆၆ တန်ခန့်အား ကွမ်ရှီးဒေသ၏ Pingxiang ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်တိုင်းရင်းဆေးပစ္စည်းများ ၊ အသီးအနှံများ နှင့် စက်ယန္တရားအပါအဝင် ကုန်ပစ္စည်းအမျိုးပေါင်း ၂၀၀ ကျော်အား တရုတ်-ဗီယက်နမ် ကုန်တင်ရထားဖြင့် တင်ပို့ခဲ့သည်။ လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး သေချာစေရန် နှင့် ကုန်စည်ထုတ်ယူခွင့် လျင်မြန်မှု တိုးတက်စေရန် ဒေသတွင်းတာဝန်ရှိသူများက ပြေပြစ်သွက်လက်သည့်ပုံသ္ဌာန်လည်ပတ်သည့် အစီအမံများအား အသုံးပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————-
(English Version)

During the period, 2,940 twenty-foot equivalent units (TEUs) of cargo were transported by China-Vietnam freight trains, up 34.1 percent year on year.

Since the beginning of this year, the region has seen burgeoning growth momentum in its cross-border railway transport business. A total of 57 outbound freight trains departed from China to Vietnam in the first quarter, up 128 percent year on year.

The major exports of the train service included mechanical equipment and electronic products made in China, while fruits remained a leading import category. As of April 1, about 11,366 tonnes of fruits had been imported via Guangxi’s Pingxiang port.

ods including Chinese traditional medicinal materials, fruits and machinery have been transported by the China-Vietnam freight trains. A slew of streamlined measures have been introduced by local authorities to improve clearance efficiency and ensure the smooth operation of the service. ■
Photo – Containers are loaded onto a China-Vietnam freight train at Nanning International Railway Port in Nanning, capital of south China’s Guangxi Zhuang Autonomous Region, April 21, 2021. (China Railway Nanning Group Co., Ltd./Handout via Xinhua)