Connect with us

Media

တရုတ်ကားထုတ်လုပ်သူ SAIC Motor က ထိုင်းနိုင်ငံ၌ ပထမဆုံး လျှပ်စစ်ကား ဘက်ထရီစက်ရုံ ဖွင့်လှစ်

ချွန်ဘူရီ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်ကားထုတ်လုပ်သူ SAIC Motor က ထိုင်းနိုင်ငံ၌ ပထမဆုံးလျှပ်စစ်ကား (EV) ဘက်ထရီစက်ရုံ ဖွင့်လှစ်ခြင်းအား အောက်တိုဘာ ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

အကျယ်အဝန်း ၁၂ ဟက်တာရှိသော EV ဘက်ထရီစက်ရုံသည် ချွန်ဘူရီပြည်နယ်ရှိ အရှေ့ပိုင်းစီးပွားရေးစင်္ကြံအထူးဇုန်ရှိ စွမ်းအင်သစ်စက်မှုဥယျာဉ်၌ တည်ရှိကြောင်း သိရသည်။

EV ဘက်ထရီစက်ရုံသည် တစ်နှစ်လျှင် ယူနစ် ၅၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိပြီး အဓိကဧရိယာနှစ်ခု ခွဲထားသည်။ ပထမတစ်ခုမှာ အလုံးစုံအလိုအလျောက် ဘက်ထရီတပ်ဆင်ဧရိယာဖြစ်ပြီး ဒုတိယဧရိယာမှာ လုပ်ငန်းစဉ်ပေါင်း ၆၀ ကျော် ပါဝင်သည့် ဘက်ထရီစံချိန်စံညွှန်း စစ်ဆေးရေးအတွက် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Chinese carmaker SAIC Motor opens first EV battery plant in Thailand
Chinese carmaker SAIC Motor on Tuesday announced the opening of its first electric vehicle (EV) battery plant in Thailand, as the first deeply localized battery rolled off the assembly line in the factory.
The EV battery plant, spanning 12 hectares, is located in New Energy Industrial Park, Chonburi province’s Eastern Economic Corridor Special Zone.
With a production capacity of 50,000 units per year, the EV battery plant is divided into two main areas. The first one is the battery assembly area, which is fully automated, and the second area is designated for battery standard testing, which involves over 60 processes.
Xinhua News Agency correspondents reporting from Chonburi, Thailand.(XHTV)