Connect with us

Media

“ကျားပေါက်လေး ပြုစုထိန်းသိမ်းရေးစခန်း” ၏ တိရစ္ဆာန်စောင့်ရှောက်ရေးဝန်ထမ်းဘဝ တစ်ရက်တာ

ယူနန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တိရစ္ဆာန်ရုံက လူအများအတွက် ငယ်စဉ်ကလေးဘဝ ပျော်ရွှင်စရာအမှတ်တရများ ယူဆောင်လာပေးသော နေရာတစ်ခုဖြစ်ပါသည်။ သို့သော် တိရစ္ဆာန်စောင့်ရှောက်သူများကို ခရီးသွားဧည့်သည်တွေ မကြာခဏ လျစ်လျူရှုထားလေ့ရှိပါသည်။ အဆိုပါဝန်ထမ်းများက တိရစ္ဆာန်များ၏ နေ့စဉ်လိုအပ်ချက်ကို တာဝန်ယူထားရသူများ ဖြစ်ပါသည်။
ကျားပေါက်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းတစ်ယောက်အဖြစ် တစ်နေ့တာ ကုန်ဆုံးပြီးနောက် ထိုအလုပ်က စိတ်ကူးထားသလောက် မလွယ်ကူကြောင်း၊ ကျားပေါက်လေးများနှင့် ပထမဆုံး ထိတွေ့ဆက်ဆံရာ၌ ၎င်းနှင့် ကျားကလေးမှာ အနည်းငယ်ကြောက်နေကြောင်း၊ အချင်းချင်းယုံကြည်မှုတည်ဆောက်ရန် စိတ်ရှည်ရှည်နှင့် ဖြည်းဖြည်းချင်းအချိန်ယူရကြောင်း၊ ထိုအလုပ်က အသေးစိတ် အာရုံစိုက်ပြီး စိတ်ရှည်သည်းခံရန် လိုအပ်ကြောင်း တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းက ပြောခဲ့သည်။

တိရစ္ဆာန်များက ၎င်းတို့၏ လိုအပ်ချက်များကို မပြောပြတတ်သဖြင့် တိရစ္ဆာန်သားပေါက်ထိန်း ဝန်ထမ်းတစ်ဦးအနေဖြင့် တိရစ္ဆာန်များနှင့် ရင်းနှီးလာအောင်၊ နားလည်လာအောင်လုပ်ရကြောင်း၊ တိရစ္ဆာန်လေးများ ပျော်ပျော်ရွှင်ရွှင် သဘာဝကျကျ မည်သို့နေထိုင်နိုင်ကြသည်ကိုအခြားသူတွေ ပိုပြီးသိမြင်စေကြောင်း ၎င်းက ဆိုသည်။ (Xinhua)

……………………………………..
(English Version)

In late August, four female Siberian tigers at Yunnan
Wildlife Park welcomed their first litters, with a total of eightr tiger cubs. However, as these moms were still untrained in
parenting skills,the caretakers observed them and stepped in to take over the nurturing duties. After two months of attentive
care, the cubs are now healthy and have reached an age where they can start going to “kindergarten”. Xinhua journalist visited
Yunnan Wildlife Park, becoming a tiger “teacher” trying to feed the tiger cubs.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.