Connect with us

Media

တိုင်ဖွန်းမုန်တိုင်းရာဂီ သက်ရောက်မှုများကြောင့် တရုတ်နိုင်ငံက အရေးပေါ်တုံ့ပြန်မှုများ ပြုလုပ်

ရှုဝန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
စူပါတိုင်ဖွန်းမုန်တိုင်းရာဂီ သက်ရောက်မှု ဆက်လက်ရှိနေခြင်းကြောင့် တရုတ်နိုင်ငံ၏ အဆင့်ဆင့်သော တာဝန်ရှိသူများက အရေးပေါ်တုံ့ပြန်ရေး ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှု လျော့ပါးသက်သာရေး ဗဟိုဌာနက ယူနန်ပြည်နယ်၌ ရေကြီးရေလျှံမှုများအတွက် စက်တင်ဘာ ၇ ရက်တွင် အဆင့်-၄ အရေးပေါ်တုံ့ပြန်မှုအား စတင်ခဲ့ပြီး လမ်းညွှန်ပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်ရန် ပြည်နယ်သို့ အလုပ်အဖွဲ့တစ်ဖွဲ့အား စေလွှတ်ခဲ့ကြောင်း သိရသည်။
ထို့နေ့မှာပင် ဗဟိုဌာနနှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန(MEM) တို့က ပျက်စီးသွားသော အခြေခံ အဆောက်အဦများ ပြန်လည်ပြုပြင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဘေးဒဏ်သင့်ပြည်သူများအား အကူအညီများ ထောက်ပံ့ပေးနိုင်ရန် ရေအရင်းအမြစ်ဝန်ကြီးဌာန၊ အခြားအစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
China mobilizes emergency responses as impacts of Typhoon Yagi persist
China’s multiple authorities have mobilized emergency response efforts as the impacts of the Super Typhoon Yagi persist.
China’s State Flood Control and Drought Relief Headquarters on Saturday activated a Level-IV emergency response to flooding in Yunnan, and sent a working group to the province to provide guidance and support.
On the same day, the headquarters and the Ministry of Emergency Management (MEM) coordinated with the Ministry of Water Resources and other government organs to jointly instruct on the repair of damaged infrastructure, and to ensure aid is provided to the affected residents.
Xinhua News Agency correspondents reporting from Xuwen, China. (XHTV)