နန်နင်း ၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးဒေသရှိ Fengshan ခရိုင်၌ ခရီးသွားဧည့်သည်များက ခရီးသည်တင်ဒရုန်းများဖြင့် ရှုခင်းများကို လည်ပတ်ကြည့်ရှုနိုင်သော ခရီးစဉ်များအား တွေ့ကြုံခံစားနိုင်ပါသည်။ ယင်းမှာ မေဒေးအားလပ်ရက်အတွင်း အတွေ့အကြုံအသစ်တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua) ………………………………….. (English Version) Passenger drone...
တာ့လျင်၊ မေ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျင်ကမ်းရိုးတန်းမြို့ရှိ ရေအောက်လမ်းဥမင်ကို ဖြတ်သန်းသွားလာရန် မေ ၁ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ တာ့လျင်ပင်လယ်အော်အောက်ရှိ နှစ်လမ်းသွား ခြောက်လမ်း မြို့ပြအဝေးပြေးလမ်းပါဝင်သော အဆိုပါ ဥမင်လိုဏ်ခေါင်းသည် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ပထမဆုံးရေအောက်ဥမင်လမ်းဖြစ်ကြောင်း သိရသည်။...
ပဲရစ် ၊ မေ ၂ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံတစ်ဝန်း ယခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် လူပေါင်း ၇၈၂,၀၀၀ ခန့် ပါဝင်ခဲ့ကြကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။ အစိုးရက အငြင်းပွားဖွယ် အငြိမ်းစားပင်စင်လစာ ပြုပြင်ပြောင်းလဲရေးဥပဒေကြမ်းအား အတည်ပြုပြဌာန်းရေး တွန်းအားပေးခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် လူမှုရေးတင်းမာမှုများ ရှိနေချိန်တွင်...
တီဟီရန် ၊ မေ ၂ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံရှိ အီရန်သံတမန်ရေးရာဌာနသုံးခုမှ လုပ်ငန်းများပြန်လည်စတင်နေပြီ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။ အီရန်-ဆော်ဒီ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ရောက်ရှိရေးနှင့်ပတ်သက်၍ မတ်လတွင် နှစ်နိုင်ငံအကြား သဘောတူညီချက် ရရှိပြီးနောက် ၎င်းတို့၏ သံတမန်ရေးရာလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန်...
ဘန်ကောက် ၊ မေ ၂ ရက်(ဆင်ဟွာ) ဇန်နဝါရီလတွင် နွေဦးပွဲတော်အားလပ်ရက်ပြီးနောက် ပထမဆုံး ရက်ရှည်အားလပ်ရက်ဖြစ်သည့် မေဒေးအားလပ်ရက်အတွင်း ထိုင်းနိုင်ငံ၌ တရုတ်ခရီးသွားဧည့်သည်ဦးရေမှာ မြင့်တက်လာခဲ့ကြောင်း သိရသည်။
တာ့ရှ်ကန့် ၊ မေ ၂ ရက်(ဆင်ဟွာ) ဥဇဘက်ကစ္စတန် ဗဟိုရွေးကောက်ပွဲကော်မရှင်(CEC)မှ မေ ၁ ရက်တွင် ကြေညာခဲ့သည့် အကြိုရလဒ်များအရ ဧပြီ ၃၀ ရက်၌ ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးသူ ၉၀.၂၁ ရာခိုင်နှုန်းက ထောက်ခံ ဆန္ဒမဲပေးခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတည်ပြုခဲ့ကြောင်း သိရသည်။ ဥဇဘက်ကစ္စတန်နိုင်ငံ၏...
ရီယိုဒီဂျနေးရိုး ၊ မေ ၂ ရက်(ဆင်ဟွာ) ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုက ထူးခြားသော ရလဒ်တစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းက ကမ္ဘာ့စီးပွားရေးအား တည်ငြိမ်စေနိုင်သည်ဆိုသော ကြီးမားသည့် မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးလျက်ရှိကြောင်း ဘရာဇီးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ GDP သည် ၂၀၂၃...
လားဆ ၊ မေ ၂ ရက်(ဆင်ဟွာ) တရုတ်-နီပေါ နယ်စပ်ရှိ Zham ဆိပ်ကမ်းသည် မေ ၁ ရက်တွင် အပြန်အလှန် ကုန်သွယ်မှုများအား ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။ ယွမ် ၁၀၀,၀၀၀ ကျော်(အမေရိကန်ဒေါ်လာ ၁၄,၄၄၂ ) တန်ဖိုးရှိ ကုန်စည်များ သယ်ဆောင်လာသည့် ကုန်တင်ယာဉ်သုံးစီးသည် နီပေါနိုင်ငံမှ...
ဂျကာတာ ၊ မေ ၁ ရက်(ဆင်ဟွာ) မကြာမီကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးအတွက် Wuling Motors Indonesia က တရားဝင်ကား မိတ်ဖက်အဖြစ် ပံ့ပိုးကူညီသည့် အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ အင်ဒိုနီးရှား နိုင်ငံတော် အတွင်းဝန်များရုံး ဝန်ကြီးဌာနထံသို့ Wuling Motors Indonesia က Air...
ပေကျင်း ၊ မေ ၁ ရက်(ဆင်ဟွာ) တရုတ်ရေတပ်သင်္ဘောများက ဧပြီ ၂၉ ရက်တွင် ပြီးဆုံးသွားခဲ့သည့် ဒုတိယမြောက် ပြောင်းရွှေ့ပေးရေး လုပ်ငန်းစဉ်တွင် ဆူဒန်နိုင်ငံမှ လူပေါင်း ၄၉၃ ဦးကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး စွန့်ခွာထွက်ပြေးလာခဲ့သူများသည် ဆော်ဒီ အာရေဗျနိုင်ငံ Jeddah မြို့ရှိ ဆော်ဒီအာရေဗျဆိပ်ကမ်းသို့ ရောက်ရှိသွားခဲ့ပြီ...