Connect with us

Media

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုက တရုတ်နိုင်ငံမြောက်ပိုင်းမြို့နှင့် ဆားဘီးယားနိုင်ငံတို့အား ချိတ်ဆက်ပေး

ရှီးကျားကျွမ်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် မြို့တော် ရှီးကျားကျွမ်းနှင့် ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်တို့ အား ချိတ်ဆက်ထားသည့် နိုင်ငံတကာကုန်တင်ရထားလမ်းကြောင်းသစ်အား မတ် ၂၁ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ရှီးကျားကျွမ်းနိုင်ငံတကာကုန်းတွင်းဆိပ်မှ စတင်ကာ ကုန်တင်ရထားသည် နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Alashankou ဆိပ်ကမ်းမှတစ်ဆင့် ဆားဘီးယားနိုင်ငံသို့ ရောက်ရှိရန် ရက်ပေါင်း ၂၀ ခန့် ၊ ကီလိုမီတာ ၁၀,၂၀၀ ခန့် သွားလာရမည် ဖြစ်ကြောင်း ဟဲပေနိုင်ငံတကာ ကုန်းတွင်းဆိပ်ကုမ္ပဏီက မန်နေဂျာ Gao Xiang ၏ ပြောကြားချက်အရ သိရသည်။
ယင်းမှာ တရုတ်နိုင်ငံ မြောက်ပိုင်း ပေကျင်း-ထျန်းကျင်း-ဟဲပေဒေသနှင့် ဆားဘီးယားနိုင်ငံတို့အား ချိတ်ဆက်မည့် ပထမဆုံး တရုတ်-ဥရောပကုန်တင်ရထားဝန်ဆောင်မှုဖြစ်ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက် (BRI) အောက်တွင် နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုအတွက် သယ်ယူပို့ဆောင်ရေးပံ့ပိုးကူညီမှုပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
China-Europe freight train service connects northern Chinese city, Serbia
A new international freight train route linking Shijiazhuang, capital of north China’s Hebei Province, with Belgrade, Serbia’s capital city, began operations on Thursday.
The cargo train will travel approximately 10,200 km over roughly 20 days, starting at the Shijiazhuang International Land Port and passing through the Alashankou Port in northwest China’s Xinjiang Uygur Autonomous Region before reaching Serbia, according to Gao Xiang, a manager with Hebei International Land Port Co., Ltd.
It’s the first China-Europe freight train service to connect north China’s Beijing-Tianjin-Hebei region with Serbia, providing transportation support for in-depth cooperation under the Belt and Road Initiative (BRI).
Xinhua News Agency correspondents reporting from Shijiazhuang, China.(XHTV)