Connect with us

Media

တရုတ်နိုင်ငံ Tianjin International Cruise Home ဆိပ်ကမ်းက ခရီးသွားလုပ်ငန်း ပြန်လည်အားကောင်းလာ

ထျန်းကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်းရှိ အပျော်စီးသင်္ဘော ဆိုက်ကပ်ရာ အကြီးဆုံးဆိပ်ကမ်းဖြစ်သည့် Tianjin International Cruise Home ဆိပ်ကမ်းက ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် နိုင်ငံတကာအပျော်စီး သင်္ဘောသယ်ယူ ပို့ဆောင်ရေး အပြည့်အဝ ပြန်လည် စတင်ချိန်မှစ၍ ပြည်တွင်း၊ ပြည်ပ ခရီးသည် ၂၀၀,၀၀၀ ကျော် ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဆိပ်ကမ်းသို့ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာအပျော်စီးသင်္ဘောအစင်းရေ ၁၂၀ ကျော် ဝင်ရောက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
China’s Tianjin Int’l Cruise Home Port sees tourism revival
As the largest cruise home port in north China, Tianjin International Cruise Home Port has handled more than 200,000 inbound and outbound passengers since its full resumption of international cruise ship transport on Sept. 27, 2023.
The port is expected to welcome over 120 international cruise ships in 2024.
Xinhua News Agency correspondents reporting from Tianjin, China.(XHTV)