Connect with us

Media

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က ပါကစ္စတန်နိုင်ငံနေ့ စစ်ရေးပြအခမ်းအနား ပါဝင်တက်ရောက်

အစ္စလာမ်မာဘတ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

၈၄ နှစ်မြောက် ပါကစ္စတန်နိုင်ငံနေ့(Pakistan Day)အား ဂုဏ်ပြုသည့်အနေဖြင့် အစ္စလာမ်မာဘတ်မြို့၌ မတ် ၂၃ ရက်က ကျင်းပသည့် စစ်ရေးပြအခမ်းအနား၌ ပါကစ္စတန်စစ်တပ်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) ဂုဏ်ပြုတပ်ဖွဲ့က ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် PLA ဂုဏ်ပြုတပ်ဖွဲ့ဝင် ၃၆ ဦးက တရုတ်နိုင်ငံတော်အလံအား ကိုင်ဆောင်ချီတက်ခဲ့ပြီး ဧည့်ပရိသတ်များ၏ နွေးထွေးလှိုက်လှဲသောလက်ခုပ်ဩဘာသံများအား တုံ့ပြန်သည့်အနေဖြင့် အူရဒူ ဘာသာစကားနှင့် ပါကစ္စတန်-တရုတ်ချစ်ကြည်ရေး အဓွန့်ရှည်ပါစေဟု ဟစ်ကြွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
Chinese PLA Guard of Honor attends Pakistan Day parade
At the invitation of the Pakistani military, the Guard of Honor of the Chinese People’s Liberation Army (PLA) participated in a military parade in Islamabad on Saturday, celebrating the 84th Pakistan Day.
During the event at Shakarparian Parade Avenue, the 36-member PLA Guard of Honor escorted the Chinese national flag while marching across the avenue and shouted “Long live Pakistan-China friendship” in Urdu in response to the audience’s warm applause.
Xinhua News Agency correspondents reporting from Islamabad.(XHTV)