Connect with us

Videos

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် ဥဇဘက် ကစ္စတန်လွှတ်တော်တွင် ပိုးလမ်းမကြီးနှင့်ပတ်သက်၍ အမှာစကားပြောကြား

တာကက်ရှ် ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဥဇဘက်ကစ္စတန်ကို ရောက်ရှိစဉ် ဇွန်လ ၂၂ ရက်နေ့က ဥဇဘက် ကစ္စတန်လွှတ်တော်တွင် ပိုးလမ်းမကြီးနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
သမ္မတရှီက ဥဇဘက်ကစ္စတန်နိုင်ငံနှင့် အခြားမိတ်ဖက်နိုင်ငံများကို ပိုးလမ်းမကြီး နှင့် ပေါင်းစပ်ကာ လာရောက်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်ခဲ့သည်။
ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဇီဝဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်းနှင့် စည်ပင်ဖွံ့ဖြိုးလာသည့် ပိုးလမ်းမကြီးတစ်လျှောက်စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မည့်အရေးများကို အ မိတ်ဖက်နိုင်ငံများ နှင့် ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ကြရန်အကြံပြုခဲ့သည်။
ပိုးလမ်းမကြီးစီမံကိန်းနှင့်ပတ်သက်၍ သမ္မတရှီက ပြောကြားရာတွင် နိုင်ငံပေါင်း ၇ဝ ကျော်နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများက အကြီးစားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များ တွင် ပါဝင်ဆောင်ရွက်လျက်ရှိသကဲ့သို့ လွန်ခဲ့သည့် ၃ နှစ်အတွင်း နိုင်ငံပေါင်း ၃ဝ ကျော်တို့သည်လည်း တရုတ်နိုင်ငံနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးလက်မှတ်များရေးထိုးထားပြီးဖြစ်ကြောင်းဆိုသည်။
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် ဘူကာရာကို ဇွန်လ ၂၁ ရက်နေ့က ရောက်ရှိခဲ့ပြီး ၎င်း၏အရှေ့အလယ်ပိုင်းနိုင်ငံများခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။ ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ ကာရီမော့ နှင့် သမ္မတရှီ တို့ တွေ့ဆုံစဉ် ဥဇဘက်ကစ္စတန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို တိုးမြှင့်သွားရန်သဘောတူခဲ့ကြသည်။ သမ္မတရှီသည် ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း အစည်းအဝေးကို တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.