Connect with us

Videos

မြန်မာပြည်တွင်းတရုတ် လုပ်ငန်းရှင်အသင်းမှ စစ်ကိုင်းတိုင်း ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်း

စစ်ကိုင်း၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
မြန်မာပြည်တွင်း တရုတ်ကုမ္ပဏီများ အသင်း ၊ မြန်မာဝမ်ပေါင် မိုင်းနင်း ကော့ပါး လီမိတက် နှင့် မြန်မာ ယန်စီ ကော့ပါး လီမိတက်တို့မှ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကြေးနီ စီမံကိန်းများ အနီးရှိ ကျေးရွာ များမှ ရေဘေးသင့် အိမ်ထောင်စုများသို့ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ လှူဒါန်းခြင်း အခမ်းအနားကို သြဂုတ်လ(၁၄) ရက်နေ့က စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ တောင်ပလူ ကျေးရွာအုပ်စု ၊ ကျော်ရွာအနီး လက်ပံတောင်း တောင်ကြား စေတီ သာသနာ့ ဗိမာန်၌ ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကြေးနီ စီမံကိန်းများ အနီးရှိ ကျေးရွာ ၃၂ ရွာမှ ရေဘေးသင့် အိမ်ထောင် စု ၄,၆၁၇ အတွက် မြန်မာပြည်တွင်း တရုတ် ကုမ္ပဏီများ အသင်း ၊ မြန်မာ ဝမ်ပေါင် မိုင်းနင်း ကော့ပါး လီမိတက်နှင့် မြန်မာ ယန်စီကော့ပါး လီမိတက် တို့မှ အရေးပေါ် စားနပ်ရိက္ခာ ဆန်အိတ်နှင့် စားသုံးဆီ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၀,၀၀၀ တန်ဖိုးရှိ ပစ္စည်းများကို ထောက်ပံ့ ပေးအပ် လှူဒါန်းခဲ့သည်။
ထိုကဲ့သို့လှူဒါန်းရခြင်းနှင့် ပတ်သက်၍ မြန်မာပြည်တွင်း တရုတ် ကုမ္ပဏီများ အသင်း ဒုတိယ ဥက္ကဌ Wu Ming Yuan က တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးနားချင်း မိတ်ဆွေနိုင်ငံများ ဖြစ်ပြီး ဆွေမျိုး ပေါက်ဖော် ချစ်ကြည် ဆက်ဆံရေး ရှိ ကြသလို ယခုလို မြန်မာနိုင်ငံတွင် သဘာဝဘေးဒဏ် ကြုံတွေ့ နေရသည့်အတွက် ကိုယ်ချင်း စာနာပြီး လှူဒါန်းရခြင်း ဖြစ် ကြောင်း ၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရေဘေးသင့် ဒေသများ တွင် လိုအပ် သည့် ကယ်ဆယ်ရေး စားနပ်ရိက္ခာများကို ကြိုတင် လေ့လာစုံစမ်းပြီး ယခုလို လာရောက် လှူဒါန်း ရခြင်း ဖြစ် ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကုမ္ပဏီ လုပ်ငန်းရှင်များ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြင့် သဘာဝ ဘေးဒဏ်ကို မြန်ဆန်စွာ ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့ပြင် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးသောင်းစိန်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လမ်းပမ်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦးတို့ နှင့်တကွ တက်ရောက်လာသော ရေဘေးသင့် ပြည်သူ များ ကလည်း ယခုကဲ့သို့သဘာဝ ဘေးဒဏ်သင့် ပြည်သူများ လိုအပ်သည့် စားနပ်ရိက္ခာ ကယ်ဆယ် ရေးပစ္စည်း များ လှူဒါန်း သည့်အတွက် အထူးပင် ကျေးဇူးတင်ပါကြောင်း ဝမ်းမြောက် စကားများ အသီးသီး ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.