Connect with us

Videos

ပါကစ္စတန်နိုင်ငံသမ္မတ နှင့် ဇနီး တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူ

အစ္စလာမ်မာဘတ် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi နှင့် ဇနီး Samina Alvi တို့သည် မြို့တော်အစ္စလာမ်မာဘတ်တွင် မတ် ၁၅ ရက်က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့သည်။သမ္မတဇနီးမောင်နှံသည် ပြီးခဲ့သောလက ကာကွယ်ဆေးထိုးနှံခြင်းအမည်စာရင်းသွင်းဌာနသို့ တိုက်ရိုက်ဖုန်းလိုင်းမှတစ်ဆင့် ၎င်းတို့ကိုယ်တိုင် အမည်စာရင်းပေးသွင်းခဲ့ပြီးနောက် ယခုကဲ့သို့ ကာကွယ်ဆေးထိုးနှံမှုစင်တာတွင် ကိုယ်တိုင်ကိုယ်ကျ လာရောက် ဆေးထိုးနှံမှုခံယူခဲ့ကြခြင်း ဖြစ်သည်။

သမ္မတသည် Sinopharm ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။“ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ COVID-19 တတိယလှိုင်း နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့အချက်က ပြည်သူတွေက ကာကွယ်မှုတွေဆက်ပြီးလုပ်သွားဖို့ပါပဲ။ ဒီရောဂါဟာ သေစေနိုင်လောက်တဲ့ရောဂါဖြစ်ပါတယ် အထူးသဖြင့် သက်ကြီးပိုင်းတွေမှာအဖြစ်များပြီး သေဆုံးမှုလည်းပိုမို များပြားပါတယ်။ဒါကိုသာ ကိုင်တွယ်နိုင်ရင် ကျွန်တော်တို့ အောင်မြင်မှာပါ။ နောက်တစ်ခေါက် ကျွန်တော်ထပ်ပြောချင်တာက ကြိုတင်ကာကွယ်ခြင်းဟာ အမှန်တကယ်လိုအပ်တဲ့အကြောင်းပါပဲ။ ကျွန်တော်ဟာ ကာကွယ်ဆေးထိုးပြီးပြီဆိုပြီး နှာခေါင်းစည်းမတပ်ဘူးဆိုလို့ကတော့ အကြောင်းမထူးပါဘူး ” ဟုဆိုသည်။

“ ကာကွယ်ဆေးဟာ ရောဂါကူးစက်မှု မခံရအောင် ကာကွယ်ပေးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကပ်ရောဂါကနေ တစ်ကမ္ဘာလုံး အပြည့်အဝ ပြန်မလွတ်မြောက်ခင်အချိန်ထိတော့ ကျွန်တော်တို့ဟာ ကြိုတင်ကာကွယ်ရေးအနေနဲ့ နှာခေါင်းစည်း တပ်တာ ၊ လက်ဆေးတာ ၊ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေတာမျိုးကိုတော့ ဆက်ပြီးလုပ်သွားဖို့ လိုပါလိမ့်မယ် ” ဟု ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် ပါကစ္စတန်သမ္မတက သတင်းထောက်များအားပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများကို တရုတ်အစိုးရ နှင့် စစ်တပ်ထံမှ ပြီးခဲ့သော လတွင် လက်ခံရရှိခဲ့ပြီးနောက် ရှေ့တန်း၌ လုပ်ကိုင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား နိုင်ငံအတွင်း ပထမဆုံး ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် အသက် ၆၀နှစ်အထက် သက်ကြီးများအား ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ်ကို ယခုလဆန်းပိုင်းတွင် စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.