Connect with us

Videos

ရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်မိချိန် ထိခိုက်ပျက်စီးမှုမရှိစေမည့် နည်းပညာကို တရုတ်နိုင်ငံက ပထမဆုံး စမ်းသပ်

ချန်းချွမ်၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အထင်ကရ ရထားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် CRRC Changchun Railway Vehicles Co., Ltd က မြန်နှုန်းမြင့်ရထားများ ခေါင်းချင်းဆိုင်တိုက်မိရာတွင် ထိခိုက်ပျက်စီးမှုမရှိစေမည့် နည်းပညာကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်းသိရသည်။

စမ်းသပ်မှုတွင် အလေးချိန် ၄၆၂ တန် အသီးသီးရှိ ကား ၈ စင်းတင်ဆောင်ထားသည့် ရထားတွဲနှစ်တွဲအားခေါင်းချင်းဆိုင်တိုက်ကာစမ်းသပ်ခဲ့သည်။

ရထားတစ်စင်းအား ရပ်တန့်ထားပြီး ကျန်တစ်စင်းက တစ်နာရီလျှင် ၃၆ ကီလိုမီတာ အမြန်နှုန်းဖြင့်မောင်းနှင်ကာ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ရထားထုတ်လုပ်ရေးလုပ်ငန်း CRRC က အဆိုပါစမ်းသပ်ချက်သည် ရုတ်တရက် ရထားများခေါင်းချင်းဆိုင်တိုက်မိစဉ် အပျက်အစီး လျှော့ချနိုင်ရန် နှင့် ခရီးသွားများ၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်ရန်ဖြစ်ကြောင်းဆိုသည်။

ထို့အပြင် ကုမ္ပဏီမှ ရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်မိမှုဆိုင်ရာ သုတေသနလုပ်ငန်းကို နက်ရှိုင်းစွာ လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်နှုန်းမြင့်ရထားစီးနင်းရာတွင်ဘေးကင်းလုံခြုံမှုရှိစေမည့် နည်းပညာဆိုင်ရာများအား ကနဦးလေ့လာဖော်ထုတ်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.