Videos
ကိုရိုနာအဆုတ်ရောင်ရောဂါကူးစက်ခံရသည့်၆ လသားကလေးငယ်ကို ဆေးရုံဝန်ထမ်းများကမိခင်ရင်းသဖွယ် စောင့်ရှောက်
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)
ဝူဟန့်မြို့မှ အသက် (၆) လသားအရွယ် လဲ့လဲ့ ဆိုသည့် ကလေးငယ်သည် နိုဗယ်ကိုရိုနာကူးစက်ခံရသော ကလေးငယ်တစ်ဦးဖြစ်သည်။ ၎င်း၏ ဖခင်ဖြစ်သူမှာ နိုင်ငံရပ်ခြားတွင်ရောက်ရှိနေပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် မိခင်ဖြစ်သူမှာလည်း ကိုရိုနာကူးစက်ခံရမှုကြောင့် သီးသန့် ဆောင်တွင်ကုသမှုခံယူနေရသည်။ ၎င်းကလေးငယ်ကို ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများက မိခင်အရင်း၏ ပြုစုစောင့်ရှောက်မှုသဖွယ် တာဝန်ယူကာ စောင့်ရှောက်ပေးထားလျက်ရှိကြောင်းသိရသည်။ (Xinhua)