Videos
တရုတ် နိုင်ငံ၌ ယန်ဇီမြစ် ဝူဟန့်မြစ်ပိုင်းတွင် မြစ်ရေ မြင့်တက်မှုကြောင့် ဝူဟန့်ကျန်းထန်း ဥယျာဉ် အား အလုံးစုံ ပိတ်သိမ်းထားရ
ဝူဟန့် ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်း အတွင်း ယန်ဇီမြစ် ၏ ဝူဟန့်မြစ်ပိုင်းတွင် မြစ်ရေ အဆက်မပြတ် မြင့်တက်လာခဲ့ရာ ဇူလိုင် ၁၃ ရက် ၁၈ နာရီ တွင် အမြင့် ၂၈.၇၄ မီတာ အထိ ရောက်ရှိလာခဲ့ပြီး သမိုင်းတစ်လျှောက် စတုတ္ထ အမြင့်ဆုံး မြစ်ရေချိန်အမှတ်သို့ ရောက်ရှိလာ ခဲ့ကြောင်းသိရသည်။ ယင်းမြစ်ရေကြီးမှုကြောင့် လက်ရှိချိန်တွင် ဝူဟန့် မြို့ ရှိ ကျန်းထန်းဥယျာဉ် အား ပိတ်သိမ်းထားရကြောင်း သိရသည်။ (Xinhua)