Connect with us

Videos

တရုတ်နိုင်ငံ တွင် ပထမဆုံးမောင်းသူမဲ့ကားများကို စမ်းသပ်ပြေးဆွဲ

ဝူးကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် Wuzhen တွင် မောင်းသူမဲ့ကားများကို စမ်းသပ်ပြေးဆွဲခဲ့ကြောင်းသိရသည်။v Baidu’s Yun Xiao ဟုအမည်ပေးထားသည့် အဆိုပါ ကားများကို World Internet Conference တွင် ပွဲ ဦးထွက် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါကားများအား ၃.၁၆ ကီလိုမီတာ ရှည်သော လမ်းတွင် တစ်နာရီကို ၆ဝ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်ပြသခဲ့သည်။ အဆိုပါကားများတွင် လေဆာအလင်းတန်းလွှတ်၍ အခြားယာဉ်များနှင့် အကွာအဝေးတိုင်းတာသည့်ကိရိယာကိုလည်းတပ်ဆင်ထားသည်။ ၎င်းတို့ကို အလိုအလျောက်လမ်းကြောင်း ရွေးစနစ် ဖြင့် လမ်းညွှန်ပေးနိုင်ပြီး မီးပွိုင့်များအတိုင်းမောင်းနှင်နိုင်သည်။ ခြေကျင်လျှောက်သူများ၊ အတားအဆီးများနှင့် ထိပ်တိုက်တွေ့ပါက ရပ်တန့်နိုင်သည့်ဆင်ဆာစနစ်ကို တပ်ဆင်ထားသည်။ ထိုကားများသည်သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း ကွေ့ပတ်မောင်းနှင်နိုင်သည်။ ကားမောင်းနှင်ရန်တပ်ဆင်ထားသည့် ကား၏ ပင်မ စနစ်ကို Baidu Brain ဟုခေါ်သည်။ မြေပုံအညွှန်းရှာခြင်း၊ တည်နေရာရွေးချယ်ခြင်းနှင့် ဆုံးဖြတ်ချက်ချ လမ်းကြောင်းရွေးခြင်းများကို ကို ပြုလုပ်နိုင်သည့် မှတ်ဉာဏ်တုကိုလည်း ထည့်သွင်းထားသည်။ Baidu အနေဖြင့် မောင်းသူမဲ့ကားများကို ၂ဝ၁၈ ခုနှစ်တွင် ဈေးကွက်ဝင်ရန် ရည်ရွယ်ထားပြီး ၂ဝ၂၁ ခုနှစ်အရောက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်မျှော်မှန်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.