Videos
နေတိုးက စစ်မျက်နှာလေးခု ထပ်မံတပ်ဖြန့်ချထားရေးအတည်ပြု
ဘရပ်ဆဲလ်၊ မတ် ၂၅ ရက်(ဆင်ဟွာ)
မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) အဖွဲ့က အရှေ့ဘက်ပိုင်း မဟာမိတ်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် ဆလိုဗက်ကီးယား စသည့်နိုင်ငံများတွင် စစ်မျက်နှာလေးခုကို တပ်ဖြန့်ချထားရန် အတည်ပြုခဲ့ကြောင်း NATO အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က မတ် ၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
လက်ရှိတွင် မဟာမိတ်အရှေ့ဘက်ခြမ်းတစ်လျှောက် ဘောလ်တစ်ပင်လယ်မှ ပင်လယ်နက်အထိ NATO အဖွဲ့၏စစ်မျက်နှာတပ်ဖြန့်ချထားမှုမှာ စုစုပေါင်း ၈ ခုရှိပြီဖြစ်သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ခဲ့သည့် အချိန်အတိအကျ တစ်လတင်းတင်းပြည့်ချိန်နှင့်စပ်လျဉ်းပြီး နေတိုးအဖွဲ့အစည်း၏ နိုင်ငံ့ခေါင်းဆောင်များက ယူကရိန်းနိုင်ငံသို့ အကူအညီများထပ်မံပေးပို့နိုင်မည့် အစီအစဉ်များကို ဆွေးနွေးရန် အထူးအစည်းအဝေးတစ်ခု ကျင်းပရန် တိုက်တွန်းခဲ့ကြသည်။
အလားတူ မဟာမိတ်တပ်မှ စစ်တပ်ထိပ်တန်းအကြီးအကဲက NATO အဖွဲ့၏ ဓါတု၊ ဇီဝ၊ ရေဒီယိုသတ္တိကြွနှင့် နျူကလီယားကာကွယ်ရေး ဒြပ်စင်များကို အသက်သွင်းထားပြီး မဟာမိတ်အဖွဲ့များသည် ဓာတုနှင့်ဇီဝနှင့်နျူကလီးယားကာကွယ်ရေးအစီအမံများကိုအသင့်ပြင်ထားကြောင်း Stoltenberg ကဆိုသည်။ (Xinhua)
………………….
(English Version)
GLOBALink | NATO approves deployment of four new battle groups
BRUSSELS, March 25 (Xinhua) — The North Atlantic Treaty Organization (NATO) approved on Thursday the deployment of four new battle groups in the eastern part of the alliance, including Bulgaria, Hungary, Romania and Slovakia, declared Jens Stoltenberg, NATO’s secretary general during a press briefing.
In total, there will now be eight NATO battle groups deployed along the eastern flank of the alliance, from the Baltic Sea to the Black Sea.
The organization’s heads of states were called for an extraordinary meeting to discuss further support for Ukraine, in the context of the Russia-Ukraine conflict that started exactly one month ago.
Meanwhile, Stoltenberg said that the alliance’s top military commander has activated NATO’s chemical, biological, radiological and nuclear defense elements and allies are deploying additional chemical and biological and nuclear defenses.
Produced by Xinhua Global Service