Connect with us

Videos

ဘရပ်ဆဲလ် ဘူတာကြီးတွင် ဖြစ်ပွားသော ပေါက်ကွဲမှု သည် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ဖြစ်ဟုဆို

ဘရပ်ဆဲလ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မြို့ ဘူတာကြီးတွင် ဇွန်လ ၂၀ ရက် ဒေသစံတော်ချိန် ၂၁း၀၀နာရီ မတိုင်ခင်က အသေးစား ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှု အား အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း ဘယ်လ်ဂျီယံ ပြည်ထောင်စု ရှေ့နေရုံး ၏ ပြောရေးဆိုခွင့်ရှိသူ က သတင်းထောက်များ သို့ ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံလုံခြုံရေးဋ္ဌာန ၏ ဗုံးရှင်းလင်းရေးတပ်ဖွဲ့ သည် ဘူတာရုံ၏ ထွက်ပေါက်တစ်ခုတွင် ရှင်းလင်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းနှင့် အခြေအနေအား ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ အရေးပေါ်စင်တာ က ၎င်း၏ တွစ်တာအကောင့်တွင် ဒေသစံတော်ချိန် ၂၃း၂၀နာရီ ၌ ရေးသားခဲ့သည်။

မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦး၏ ပြောကြားချက်အရ ဘူတာရုံ၏ ကြမ်းပြင်ပေါ်တွင် လဲနေသည့် အမျိုးသားတစ်ဦးအား တွေ့ရှိခဲ့ပြီး ၎င်း၏ အင်္ကျီအတွင်းမှ ဝါယာကြိုးများထွက်နေကြောင်း သိရှိရသည်။

ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ချားစ် မိုက်ကယ် နှင့် ပြည်ထဲရေးဝန်ကြီး ဂျန်ဂျမ်ဘွန်း တို့သည် ဘယ်လ်ဂျီယံနိုင်ငံ အရေးပေါ်စင်တာ မှ နေ၍ ယင်းပေါက်ကွဲမှု ဖြစ်စဉ်ကို အနီးကပ် စောင့်ကြည့်နေကြောင်း ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Frederic Cauderlier ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.