Videos
အင်ဒိုနီးရှားနိုင်ငံတွင် ဆူနာမီလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ တိုးမြင့်လျက်ရှိ
ဂျာကာတာ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆွန်ဒါရေလက်ကြားရှိ ကမ်းရိုးတန်းဧရိယာတွင် ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက Krakatau Child မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီလှိုင်းဖြစ်ပေါ်လာခဲ့ပြီးနောက် ဒီဇင်ဘာ ၂၄ ရက်အထိရရှိထားသည့်စာရင်းများအရ သေဆုံးသူအရေအတွက်မှာ၂၈၁ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံအမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီကပြောကြားခဲ့သည်။ Karkatau Child မီးတောင်လှုပ်ခတ်မှုကြောင့် ပင်လယ်ကြမ်းပြင်၌ မြေပြိုမှုများ ဖြစ်စေကာ ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်လာစေကြောင်း နှင့် လပြည့်နေ့ဖြစ်နေခြင်းကြောင့် ဒီဇင်ဘာ ၂၂ရက် ၂၁း၂၇နာရီတွင် ဆူနာမီရေလှိုင်းများမှာ အင်အားပိုမိုပြင်းထန်လာခဲ့ကြောင်း အေဂျင်စီက ဆိုသည်။ Karkatau Child မီးတောင် သည် အင်ဒိုနီးရှားနိုင်ငံ ရှိ မီးတောင်ရှင် ၁၂၉လုံးအနက် တစ်လုံးအပါအဝင် ဖြစ်ကြောင်း သိရသည်။ (Xinhua)