Connect with us

Videos

အသက် ၈ဝ ကျော်ကွန်ဖူးသိုင်းမောင်နှံ

ကန်းစု၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းကန်းစုပြည်နယ် ခုန်းတုန်တောင်တန်းသည် တရုတ် ရိုးရာ ကိုယ်ခံပညာ ငါးသွယ်တွင်အပါအဝင်ဖြစ်သည့် ခုန်းတုန်ပုံစံ ကွန်ဖူးပညာရပ်မြစ်ဖျားခံရာအရပ်လည်းဖြစ်သည်။ ထိုဒေသတွင် အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်သည့် Yue Qizhong ဆိုသည့်အဖိုးအိုမှာ ခုန်းတုန်ကွန်ဖူးကို အသက် ၂၂ နှစ်အရွယ်ကတည်းကလေ့လာခဲ့သူဖြစ်ပြီး ယခုအချိန်အထိလည်း ဆက်လက်လေ့ကျင့်လျက်ရှိသည်။ ၎င်း၏ ဇနီးသည်ဖြစ်သူ Zheng Weiying မှာလည်း အသက် ၈ဝ နှစ်ရှိပြီဖြစ်ပြီး Yue နှင့် ရှေ့သွားနောက်လိုက်ညီစွာ ကွန်ဖူးသိုင်းပညာရပ်များကို ယခုထက်တိုင်လေ့ကျင့်နေဆဲဖြစ်သည်။ ခုန်းတုန်ကွန်ဖူးမှာ သွေးလည်ပတ်မှုကိုညီညွတ်မျှတစေကာ ကျန်းမာရေးအတွက် ကောင်းမွန်စေသည့် ကိုယ်ခံပညာ အားကစားနည်းတစ်ရပ်အဖြစ်လူကြိုက်များသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.