Media
အရှေ့တိုင်းမှ အနောက်တိုင်းသို့ ကုန်စည်သယ်ပို့သည့်ရထားကြီး တရုတ်နိုင်ငံမှစတင်ထွက်ခွါ
ကွမ်ရှီး၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)
အရှေ့တိုင်းမှ အနောက်တိုင်းသို့ ကုန်စည်သယ်ပို့သည့်ရထားခရီးစဉ်၏ ဘေးပုပင်လယ်ကွေ့ဆိပ်ကမ်း-ချိန်တူး- ပိုလန်- ဂျာမနီ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qinzhou ဆိပ်ကမ်း အရှေ့ဘက်မှ ကုန်စည်များတင်ဆောင်ထားသော ရထားမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် စတင်ထွက်ခွါသွားသည်။တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ လုပ်ငန်းများမှ တင်ပို့သည့် အိမ်သုံးပစ္စည်းများနှင့် အရုပ်များတန်ချိန်အားဖြင့် ၂၇၅၀ တန် ပါဝင်သည့် ကုန်သေတ္တာ အလုံး ၅၀ အားတင်ဆောင်ထားသော ရထား သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်းပြည်နယ် ချိန်တူးမြို့ရှိ တရုတ်-ဥရောပ ကုန်စည်ရထားများနှင့်ချိတ်ဆက်ပြီးနောက် ဥရောပတိုက်သို့ ဦးတည် မောင်းနှင်မည်ဖြစ်သည်။
ယခုရထားခရီးစဉ်မှာ နိုင်ငံတကာ ကုန်းကြောင်း နှင့်ရေကြောင်းကုန်စည်ချိတ်ဆက်သယ်ဆောင်မှုလမ်းကြောင်းသစ်နှင့် တရုတ်-ဥရောပ ကုန်စည်ရထားလမ်းကြောင်း ပုံမှန်လမ်းကြောင်းသစ် စတင်ချိတ်ဆက်ခြင်းအထိမ်းအမှတ်အဖြစ်ပြေးဆွဲခြင်းဖြစ်သည်။
တရုတ်နိုင်ငံ Qinzhou မြို့နှင့် ဂျာမနီနိုင်ငံ Duisburg မြို့အကွာအဝေးမှာ ၁၂,၀၀၀ ကီလိုမီတာ ရှိသည်။ ခရီးစဉ်တစ်ခုလုံး သွားလာရန် ကြာမြင့်ချိန်မှာ ၂၅ ရက်ရှိပြီး ကွမ်တုန်းပြည်နယ်မှ ဥရောပတိုက်သို့ တိုက်ရိုက် သင်္ဘောတင်ပို့ပါက ကြာချိန် ၂၀ ရက်မှ ၂၅ ရက် သက်သာစေကြောင်းသိရသည်။(Xinhua)
………………………..
(English Version)
China launches first Beibu Gulf Port-Chengdu-Poland-Germany freight train
The first freight train on the Beibu Gulf Port-Chengdu-Poland-Germany route departed on Sunday from the east station of the Qinzhou Port in south China’s Guangxi Zhuang Autonomous Region.
Loaded with 50 containers filled with 2,750 tonnes of home appliances and toys made by enterprises in south China’s Guangdong Province, the train will connect with China-Europe freight trains in Chengdu of southwest China’s Sichuan Province, and then head for Europe.
The distance between China’s Qinzhou and Germany’s Duisburg is around 12,000 kilometers. The whole journey will take roughly 25 days, saving 20 to 25 days compared with the direct shipping route from the neighbouring province of Guangdong to Europe.