Connect with us

Media

ချိန်တူး ကမ္ဘာ့အားကစားပွဲ နဂါးလှေလှော်ပြိုင်ပွဲအတွက် ရည်မှန်းကာ အင်းလျားကန်ရေပြင်ပေါ် တွင် မြန်မာလက်ရွေးစင် လှေလှော်အားကစားသမားများ စိတ်အားထက်သန်စွာ လေ့ကျင့်လျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ချိန်တူး ကမ္ဘာ့အားကစားပွဲ နဂါးလှေလှော်ပြိုင်ပွဲအတွက် ရည်မှန်းကာ အင်းလျားကန်ရေပြင်ပေါ် တွင် မြန်မာလက်ရွေးစင် လှေလှော်အားကစားသမားများ စိတ်အားထက်သန်စွာ လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ချိန်တူး ကမ္ဘာ့အားကစားပွဲ ကျင်းပရန် ဆယ်ရက်ခန့်အလို အချိန်ကာလအတွင်း မြန်မာ့လှေလှော်အသင်းမှာ မရပ်မနား လေ့ကျင့်ပြင်ဆင် လျက်ရှိပေသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ လှေလှော်နှင့် ကနူးလှေအဖွဲ့ချုပ်နေရာတွင် အချိန်ကိုက် တစ်ပြိုင်နက်တည်း လှုပ်ရှားသံများ၊ ကြွေးကြော်သံများ ပဲ့တင်ထပ်လျက်ရှိသည်။ နည်းပြများကလည်း ကန်ဘောင်များပေါ်မှ ညွှန်ကြားနေသလို အားကစားသမားများကလည်း စည်းချက်ညီညီ၊ အားကြိုးမာန်တက်၊ ပြည့်စုံကောင်းမွန်သော အသင်းအဖွဲ့ညှိနှိုင်းဆောင်ရွက်မှုကို အာရုံစိုက်ကာ လေ့ကျင့်လျက်ရှိကြသည်။ မြန်မာ့နဂါးလှေလှော်အားကစား ကိုယ်စားလှယ်အဖွဲ့တွင် အားကစားသမား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခြောက်ဦး၊ အသင်းခေါင်းဆောင် တစ်ဦး၊ မန်နေဂျာ တစ်ဦးနှင့် နည်းပြ နှစ်ဦး ပါဝင်ပြီး ဩဂုတ် ၆ ရက်၌ တရုတ်နိုင်ငံသို့ ထွက်ခွာကြမည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117