Connect with us

Politics, Law & Military

တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန က G7 ၏ တရုတ်နိုင်ငံနှင့်ပတ်သက်သော ထုတ်ပြန်ချက်အား လက်မခံနိုင်ကြောင်း နှင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောကြား

တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း အား ဇွန် ၁၅ ရက်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မြင်တွေ့ရစဉ်(ဓာတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

G7 ထိပ်သီးအစည်းအဝေး မှ တရုတ်နိုင်ငံနှင့် သက်ဆိုင်သောထုတ်ပြန်ချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ယင်းနှင့်ပတ်သက်၍ လုံးဝလက်မခံနိုင်ကြောင်း နှင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၊ ရှင်းကျန်းနှင့်သက်ဆိုင်သော ကိစ္စရပ် ၊ ဟောင်ကောင်နှင့်သက်ဆိုင်သော ကိစ္စရပ်၊ ထိုင်ဝမ်နှင့်သက်ဆိုင်သော ကိစ္စရပ်များသည် တရုတ်နိုင်ငံပြည်တွင်းရေး သက်သက်သာဖြစ်ပြီး မည်သည့်ပြင်ပအင်းအားစုမှ ဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံကြောင်း တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က ဇွန် ၁၅ ရက်၌ ပြောကြားခဲ့သည်။ဇွန် ၁၅ ရက်၌ ကျင်းပပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကျောက်လိကျင်း က G7 ထိပ်သီးအစည်းအဝေး မှ တရုတ်နိုင်ငံနှင့် သက်ဆိုင်သည့် ထုတ်ပြန်ချက်အပေါ် သတိပြုမိပြီး ဟောင်ကောင်နှင့်သက်ဆိုင်သော ၊ ရှင်းကျန်းနှင့် သက်ဆိုင်သော ၊ ထိုင်ဝမ် နှင့် တောင်တရုတ်ပင်လယ်နှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် တရုတ်နိုင်ငံကို နာမည်ဖျက်ရန် နှင့် တရုတ်နိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်ကြံစည်နေခြင်းဖြစ်ကြောင်း ၊ ယင်းဆောင်ရွက်မှုသည် 《ကုလသမဂ္ဂ ပိဋိညာဉ်စာတမ်း》အား ဆိုးရွားစွာချိုးဖောက်ရာရောက်ပြီး တည်ငြိမ်အေးချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး ၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် အတူတကွအကျိုးဖြစ်ထွန်းစေရေး စသည့် ခေတ်ကာလရေစီးကြောင်း ကိုလည်း ဆန့်ကျင်ရာရောက်ကြောင်း ၊ ယင်းဆောင်ရွက်မှုသည် အမေရိကန်စသည့် နိုင်ငံအနည်းစုက ထိပ်တိုက်ရင်ဆိုင်မှု နှင့် ခွဲခြားမှုတို့ကို ဖန်တီးသည့် ဆောင်ရွက်ချက်အဖြစ် ပေါ်လွင်ကြောင်း ၊ သဘောထားကွဲလွဲမှုကို ချဲ့ကားလိုသည့် ကောင်းမွန်မှုမရှိသော သဘေားထားကို ပေါ်လွင်စေခဲ့သဖြင့် တရုတ်နိုင်ငံအနေဖြင့် ယင်းနှင့်ပတ်သက်၍ လုံးဝလက်မခံနိုင်ကြောင်း နှင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ရှင်းကျန်းနှင့်သက်ဆိုင်သော ၊ ဟောင်ကောင်နှင့်သက်ဆိုင်သော နှင့် ထိုင်ဝမ်ကိစ္စရပ်များသည် တရုတ်နိုင်ငံ ပြည်တွင်းရေးသက်သက်သာဖြစ်၍ မည်သည့် ပြင်ပအင်အားစုမှ ဝင်ရောက်စွက်ဖက်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း ၊ တရုတ်နိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားကို ထိန်းသိမ်းမည့် ဆုံးဖြတ်ချက်မှာ ခိုင်မာပြီး မပြောင်းမလဲ ခိုင်မာစွာတည်ရှိကြောင်း ကျောက်လိကျင်းက ပြောကြားခဲ့သည်။

ထို့ပြင် ကျောက်လိကျင်း က ကမ္ဘာ့အခင်းအကျင်းတွင် multipolarity နိုင်ငံစုံပါဝင်မှုအခင်းအကျင်း ဖြစ်ခြင်း နှင့် နိုင်ငံတကာဆက်ဆံရေးတွင် ဒီမိုကရေစီအသွင်အပြင် ဖြစ်တည်ခြင်းတို့သည် တားဆီး၍မရသော ခေတ်ရေစီးကြောင်းဖြစ်ကြောင်း ၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အုပ်စုတစ်ခုက ကမ္ဘာကြီးကို အမိန့်ပေးသည့် ခေတ်ကာလသည် ကျော်လွန်သွားခဲ့ပြီးဖြစ်ကြောင်း ၊ လက်ရှိအခြေအနေအောက်တွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယခင်အချိန်ထက် ပိုမို၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ပြီး စစ်မှန်သည့် ဘက်ပေါင်းစုံမူဝါဒကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ၊ သေးငယ်သည့်အဝန်းအဝိုင်းလေးကို အခြေခံ၍ နိုင်ငံရေးအုပ်စု လုပ်ဆောင်၍ ရမည်မဟုတ်ကြောင်း ၊ စိတ်သဘောထားအမြင်အရ ကွဲလွဲမှုကို စည်းတား၍ မတူညီသည့် ဖွံ့ဖြိုးတိုးတက်မှုပုံစံအပေါ် ဖိနှိပ်တိုက်ခိုက်မှု မလုပ်ဆောင်သင့်ကြောင်း ၊ အမှန်အမှားကို ရောထွေးစေပြီး တာဝန်ကိုလွှဲပြောင်းသည့် လုပ်ရပ်မျိုးပိုမိုမလုပ်ဆောင်သင့်ကြောင်း ၊ “အမေရိကန်နိုင်ငံ နေမကောင်းဖြစ်နေသည် ၊ ဝေဒနာပြင်းထန်သည် ၊ G7 အနေဖြင့် အမေရိကန်နိုင်ငံကိုသာ စစ်ဆေးပေးပြီး ကုသနိုင်ရန်ဆေးခန်းဖွင့်ပေးပါ”ဟု ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

(外事)外交部回应七国集团公报涉华议题:强烈不满、坚决反对

新华社北京6月15日电(记者潘洁、董雪)针对七国集团峰会公报提及涉华议题,外交部发言人赵立坚15日表示,中方对此强烈不满、坚决反对。涉疆、涉港、台湾事务纯属中国内政,不容任何外部势力干涉。

赵立坚在当日例行记者会上答问时说,中方注意到峰会公报提及涉华议题,就涉港、涉疆、台湾、涉海等问题对中方蓄意污蔑,干涉中国内政。此举严重违背《联合国宪章》宗旨和原则,违背和平、发展、合作、共赢的时代潮流,暴露出美国等少数国家人为制造对立隔阂、扩大分歧矛盾的不良用心,中方对此强烈不满、坚决反对。

“涉疆、涉港、台湾事务纯属中国内政,不容任何外部势力干涉。中国维护国家主权、安全、发展利益的决心坚定不移。”赵立坚说。
他说,世界多极化、国际关系民主化是不可抗拒的时代潮流。一国或一个国家集团号令天下的时代已经过去了。当前形势下,国际社会比以往时候更需要加强团结合作,践行真正的多边主义,而不应基于“小圈子”搞“集团政治”,不应以意识形态划线打压不同发展模式,更不应混淆是非、转嫁责任。“美国病了,病得不轻。七国集团还是给美国把把脉,开药方吧。”(完)

Photo
中国外交部发言人赵立坚(图片-中国外交部网站)