Connect with us

China

တရုတ်နိုင်ငံ၊ဟဲပေပြည်နယ်၊လန်ဖောင်မြို့တွင် Liao-Jinခေတ်မှ ရှေးဟောင်း ဂူသင်္ချိုင်းများကို ရှာဖွေတွေ့ရှိ

လန်ဖောင်မြို့၊Anciခရိုင်၌ရှေးဟောင်းဂူသင်္ချိုင်းများကိုတွေ့ရစဉ် (ဓာတ်ပုံ-Anciခရိုင်ယဉ်ကျေးမှု၊ရေဒီယို၊ရုပ်ရှင်နှင့်ခရီးသွားလာရေးဗျူရို၏အမွေအနှစ်ထိန်းသိမ်းရေးသုတေသနဌာန)

ဟဲပေ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ဟဲပေပြည်နယ်၊လန်ဖောင်မြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုသည် လန်ဖန်မြို့ Anci ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ရှေးဟောင်း ဂူသင်္ချိုင်းများကို မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သည်။ ဒေသဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းလေ့လာပြီး နောက် ၎င်းသည် Liao-Jin ခေတ် ရှေးဟောင်း ဂူသင်္ချိုင်းများဖြစ်ကြောင်း ကနဦး အကဲဖြတ်ခဲ့သည်။

လန်ဖောင်မြို့၊Anciခရိုင်၌ရှေးဟောင်းဂူသင်္ချိုင်းများကိုတွေ့ရစဉ် (ဓာတ်ပုံ-Anciခရိုင်ယဉ်ကျေးမှု၊ရေဒီယို၊ရုပ်ရှင်နှင့်ခရီးသွားလာရေးဗျူရို၏အမွေအနှစ်ထိန်းသိမ်းရေးသုတေသနဌာန)

ရှေးဟောင်းဂူသင်္ချိုင်းတွေ့ရှိခဲ့သော ယဉ်ကျေးမှု အမွေအနှစ်များကို ယဉ်ကျေးမှု အမွေအနှစ်ကာကွယ်ရေးဝန်ထမ်းများက ရှင်းလင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-လန်ဖောင်မြို့ကော်မတီပြန်ကြားရေးဌာန)

ရှေးဟောင်းဂူသင်္ချိုင်းတွေ့ရှိခဲ့သော ယဉ်ကျေးမှု အမွေအနှစ်များကို ယဉ်ကျေးမှု အမွေအနှစ်ကာကွယ်ရေးဝန်ထမ်းများကိုစစ်ဆေးနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-လန်ဖောင်မြို့ကော်မတီပြန်ကြားရေးဌာန)

လန်ဖောင်မြို့၊Anci ခရိုင် ဒုတိယဆင့် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဝန်ထမ်းများသည် ရှေးဟောင်းဂူသင်္ချိုင်းများကို ဆက်လက် တူးဖော်ရှာဖွေခဲ့ရာ ရှေးဟောင်းဂူသင်္ချိုင်း ၁၁ ခု ထိ တွေ့ရှိခဲ့ရကြောင်း သိရသည်။ ဤရှေးဟောင်းသင်္ချိုင်းများသည် ပုံသဏ္ဍာန်၊ အရွယ်အစား၊ခေတ်နှင့် မြှုပ်နှံခြင်းနည်းလမ်း များမတူညီကြကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါ ဂူသင်္ချိုင်းများထဲမှ အမိုးခုံးအုတ်ခန်းအုတ်ဂူသည် ပုံမှန်သင်္ချိုင်းတစ်ခုဖြစ်ပြီး ယင်းသင်္ချိုင်းကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အုတ်ဂူအတွင်းပိုင်းတွင် မြေအိုးအကောင်း၁၂ လုံး ၊ မြေအိုးကွဲ ၈ လုံး နှင့် ကြေးနီဒင်္ဂါး ၃ ပြားနှင့်အတူ အုတ်ဂူအပြင်ပိုင်း ကျောက်ထည်တစ်ခုတူးဖော်တွေ့ရှိခဲ့သည်။ဂူသင်္ချိုင်းများတွင် Yihe သင်္ချိုင်းတစ်ခုလည်း ရှိပြီး အတွင်းပိုင်းတွင် သစ်သားအခေါင်းတစ်ခု၊အိုးအသေးနှစ်လုံးနှင့် ပန်းကန်လုံးကြီးတစ်လုံး၊ဦးခေါင်းနှင့်ပုခုံးရိုးတို့တွင် ပုလဲရှစ်လုံးစသည်တိုကိုလည်းတွေ့ရှိခဲ့သည်။

အခြားရှေးဟောင်းသင်္ချိုင်းသုံးခုသည် အချင်းချင်း ကပ်လျက်ရှိပြီး အလွန်ရိုးရှင်းသောအုတ်ဂူဖြစ်ကြောင်း ၊ အုတ်ဂူထဲတွင် မြေအိုးတစ်လုံး၊ပန်းကန်တစ်လုံး နှင့်ကြေးဒင်္ဂါးပြားများတွေ့ရှိခဲ့ရကြောင်း ဆိုသည်။ရှေးဟောင်းသင်္ချိုင်းတစ်ခုတွင် လူအရိုးများနှင့် အဖြူရောင်ကြွေပန်းကန်လုံးသုံးလုံးကိုလည်း တူးဖော်တွေ့ရှိခဲ့သည်။ ကျန်ရှိဂူသင်္ချိုင်းများအား ရှာဖွေတွေ့ရှိချိန်တွင် ပျက်စီးနေပြီး အုတ်ဂူတံခါးနှင့် သစ်သားအခေါင်းများသာ ကျန်ရစ်နေကြောင်းသိရသည်။

အုတ်ဂူပိုင်ရှင်၏ အထောက်အထားနှင့် အုတ်ဂူ၏ တိကျသောခုနှစ်ကို ရှင်းရှင်းလင်းလင်း မတွေ့ရသေးကြောင်း ၊ ဂူသင်္ချိုင်းဖွဲ့စည်းပုံနှင့်တူးဖော်ရရှိသော ယဉ်ကျေးမှုအမွေအနှစ်အရ ၎င်းဂူသင်္ချိုင်းများသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်နီးပါး Liao-Jin ခေတ် က ရှေးဟောင်း ဂူသင်္ချိုင်းများဖြစ်ကြောင်း ၊မြေအိုး ၁၂ လုံး၊ မြေအိုးကွဲ ၈ လုံး၊ ကြွေထည် ၈ ခု၊ ကြွေထည်ကွဲ ၄ ခု၊ ကျောက်ထည် ၁ ခု၊ရွှေထည် ၁ခု၊ သစ်သားပုတီးစေ့၈ လုံး၊ ကြေးနီဒင်္ဂါးပြား၃၀ စသည်ကို တူးဖော်တွေ့ရှိခဲ့ရကြောင်းAnci ခရိုင်၏ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး သုတေသနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Zheng Wenguang ကပြောကြားခဲ့သည်။

Zheng Wenguang က အဆိုပါ Liao နှင့် Jin ရှေးဟောင်းသင်္ချိုင်းများကို ရှာဖွေတွေ့ရှိမှုသည် Liao နှင့် Jin ခေတ်များရှိ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လေ့လာခြင်းအတွက် တန်ဖိုးရှိပြီး ၎င်းသည် လန်ဖောင်မြို့အထူးသဖြင့် Anci ခရိုင် ၏သမိုင်းကြောင်းကို လေ့လာရန်အတွက် ရုပ်ပိုင်းဆိုင်ရာအခြေခံတစ်ခုဖြစ်ကြောင်း ၊ လက်ရှိတွင် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ထမ်းများက တူးဖော်တွေ့ရှိထားသည့် ယဉ်ကျေးမှု အမွေအနှစ်များကို သန့်ရှင်းရေး ၊ ပြုပြင်ရေးနှင့်သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၊ ယဉ်ကျေးမှု အမွေအနှစ်များကို ပြတိုက်တွင် ပြသနိုင်ရန် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————–
(Chinese Version)
河北廊坊发现辽金时期古墓群

河北省廊坊市一家施工单位近日在廊坊市安次区的施工现场,发现了一处古墓群。当地文物保护部门工作人员实地调查、勘探后,初步判断这是一处辽金时期古墓群。  廊坊市、安次区两级文物保护机构工作人员对古墓群进行了抢救性挖掘,共发现古墓11座。这些古墓形态各异,大小不一,时代和入葬方式均不一样。  其中一座穹隆顶砖室墓比较典型,该墓是最早被发现的,墓内有12件完整陶器、8件残碎陶器和3枚铜钱,墓外发掘出1件石器。古墓群中还有一合葬墓,墓内有木棺,出土2个小罐和1个大碗,在2具骨骼头部、肩膀位置发现8粒珠饰  另有3座古墓紧挨着,非常简陋,墓内只发现装着骨灰的陶罐,罐口扣有1只碗,骨灰中掺杂着一些铜钱。一座古墓内发现了人体骨骼,出土3个白色瓷碗。其余古墓发现时已被破坏,只剩墓门和木棺。  安次区文化广电和旅游局文物保护研究所副所长郑文广表示,古墓中没有发现可以明确墓主人身份和墓葬绝对年代的器物,但根据墓葬结构和少量出土文物,初步可认定为辽金时期墓群,距今已近千年。墓群中已出土陶器12件,残碎陶器8件,瓷器8件,残碎瓷器4件,石器1件,金属构建1个,残玉珠1件,木质珠饰8粒,铜钱30余枚。郑文广表示,这一辽金古墓群的发现,对研究辽金时期文化习俗有一定价值,对研究廊坊市特别是安次区的历史也提供了实物依据。目前,文物保护工作人员正在对出土文物进行清理、修复和研究,未来文物将放入博物馆进行展览。
图说1:这是廊坊市安次区发现的古墓。(安次区文化广电和旅游局文物保护研究所供图)
图说2:这是廊坊市安次区发现的古墓。(安次区文化广电和旅游局文物保护研究所供图)
图说3:文物保护工作人员对古墓中出土的文物进行清理。(廊坊市委宣传部供图 王洋洋 摄)
图说4:文物保护工作人员查看古墓中出土的文物。(廊坊市委宣传部供图 王洋洋 摄)