Connect with us

Europe

ရီရဲမက်ဒရစ်ဘောလုံးအသင်း က အသင်းခေါင်းဆောင် ဆာဂျီယိုရားမို့စ်အား အသင်းမှထွက်ခွာခွင့်ပြု

ရီရဲမက်ဒရစ်ဘောလုံးအသင်း ကစားသမားဟောင်း ဆာဂျီယိုရားမိုစ့် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေစဉ်(ဓာတ်ပုံ-Xinhua/AFP)

မက်ဒရစ် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ရီရဲမက်ဒရစ်ဘောလုံးအသင်းက အသင်းခေါင်းဆောင် ဆာဂျီယိုရားမို့စ်အား ၏ ပြောင်းရွှေ့မှုကိစ္စရပ်မှာ ပြီးဆုံးသွားပြီးဖြစ်ကြောင်း နှင့် ဇွန် ၁၆ ရက်တွင် ရားမိုစ့်အား အသင်းမှထွက်ခွာခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း အသင်းက ထုတ်ပြန်ခဲ့သည်။ရီရဲမက်ဒရစ်၏ထုတ်ပြန်ကြေညာချက်တွင် ဘောလုံးအသင်းအနေဖြင့် ဇွန် ၁၇ ရက် နေ့လယ်ပိုင်းတွင် ရားမို့စ်အတွက် နှုတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပေးမည်ဖြစ်ပြီး အခမ်းအနားအပြီးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ရီရဲမက်ဒရစ်ဘောလုံးအသင်းဥက္ကဋ္ဌ Florentino Pérez ကိုယ်တိုင် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ရားမိုစ့် ၏ ရီရဲအသင်းနှင့်စာချုပ်သည့် ယခုနှစ် ဇွန် ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ စပိန်နိုင်ငံ သတင်းမီဒီယာများ၏ဖော်ပြချက်အရ ရီရဲအသင်းအနေဖြင့် ထုတ်ပြန်ချက်မကြေညာမီ အသက် ၃၅ နှစ်အရွယ် ရားမို့စ်အား တစ်နှစ်သက်တမ်း စာချုပ်ဖြင့် ကမ်းလှမ်းခဲ့ကြောင်း ၊ သို့သော်လုပ်ခလစာ နှစ်စဉ်ကြေးကို ၁၀ ရာခိုင်နှုန်း လျှော့ချခဲ့ကြောင်း ၊ ရားမို့စ် ကမူ ၎င်းအနေဖြင့် အသင်းနှင့် အနည်းဆုံး သက်တမ်း ၂ နှစ်ရှိသည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုကြောင်း ၊ နောက်ဆုံးတွင် နှစ်ဦးနှစ်ဖက်အနေဖြင့် စာချုပ်သက်တမ်းတိုးမည့် ကိစ္စရပ်နှင့်ပတ်သက်၍ သဘောတူညီချက်မရသဖြင့် ယခုကဲ့သို့ အသင်းမှ ထွက်ခွာမှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရားမို့စ်သည် မကြာခဏဒဏ်ရာရရှိခဲ့သဖြင့် အားကစား စွမ်းရည်ကျဆင်းခဲ့ရကြောင်း ၊ ယင်းကြောင့်ပင် ရားမို့စ်သည် Luis Enrique ၏ စပိန်လက်ရွေးစင် ဘောလုံးအသင်းတွင် ချန်လှပ်ထားခြင်း ခံရပြီး ယူရိုဖလားပြိုင်ပွဲနှင့် လွဲချော်ခဲ့ရသည်။

ရားမို့စ် သည် ၂၀၀၅ ခုနှစ် နွေရာသီတွင် ရီရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် ကစားသမားဖြစ်ပြီး လက်ရှိချိန်ထိ “အဖြူရောင်အသင်း” အတွက် ဘောလုံးရာသီ ၁၆ ရာသီတိတိကစားထားကြောင်း ၊ ရီရဲအသင်း၌ ကစားခဲ့သည့်ကာလအတွင်း အသင်းနှင့်အတူ စပိန်လာလီဂါဖလား (၅) ကြိမ် ၊ UEFA ချန်ပီယံလိဂ်ဖလား (၄) ကြိမ် ၊ FIFA Club World Cup ဖလား (၄) ကြိမ် ၊ UEFA စူပါဖလား (၃) ကြိမ် ၊ စပိန်ဘုရင်ဖလား (၂) ကြိမ် နှင့် စပိန်စူပါဖလား (၄) ကြိမ်တို့ကို ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(体育)皇家马德里确认队长拉莫斯离队

新华社马德里6月16日电(谢宇智)皇家马德里队长拉莫斯的去留终于尘埃落定。皇马俱乐部16日发布公告,确认拉莫斯即将离队。
皇马在公告中称,俱乐部将于17日中午为拉莫斯举行致敬告别仪式,并在随后召开新闻发布会。皇马主席弗洛伦蒂诺也将出席这次仪式。

拉莫斯与皇马的合同将于今年6月30日结束。据西班牙《马卡报》等媒体透露,皇马此前为已年满35岁的拉莫斯提供了为期一年的续约合同,但要求将其年薪降低10%;而拉莫斯本人则希望能至少与球队续约两年。双方最终未能就续约一事达成一致。
在刚刚过去的一个赛季中,拉莫斯因为频繁发作的伤病而导致竞技状态下滑。这也使他落选了恩里克的西班牙国家队大名单,无缘正在进行的欧锦赛。

拉莫斯于2005年夏天加盟皇家马德里,至今已在“白衣军团”效力了整整16个赛季,并随球队夺得了5个联赛冠军、4个欧冠冠军、4座世俱杯、3座欧洲超极杯、两座国王杯和4座西班牙超级杯。(完)

Photo
前皇家马德里队球员拉莫斯庆祝进球。新华社/法新

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.