Connect with us

North America

အမေရိကန်နိုင်ငံ၏ ပထမဆုံး လူမည်း နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝဲလ် ကိုဗစ်ကြောင့် ဖြစ်ပွားသည့် ဆက်စပ်ရောဂါကြောင့် သေဆုံး

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားနေသော ကောလင်းပါဝဲလ်အား ၂၀၀၄ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ ပထမဆုံး လူမည်းနိုင်ငံခြားရေးဝန်ကြီး အသက် ၈၄ နှစ်အရွယ် ကောလင်းပါဝဲလ် (Colin Powell) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပွားသည့် ဆက်စပ်ရောဂါကြောင့် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ၎င်း၏မိသားစုက ယင်းနေ့ လူမှုကွန်ရက်မီဒီယာ၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ လွှတ်တော်အဆောက်အဦတွင် ယခင်နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝဲလ်အား အောက်မေ့ခြင်းအဖြစ် အလံတစ်ဝက်ချထားသည်ကို အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ယခင်နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝဲလ်အား အောက်မေ့ဖွယ်အဖြစ် နိုင်ငံတော်အလံတိုင်တစ်ဝက် လွှင့်ထူထားသည်ကို အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုမတိုင်မီ ကောလင်းပါဝဲလ်က ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုပြီးစီးခဲ့ကြောင်းနှင့် မသေဆုံးမီ ဝါရှင်တန်အနီးရှိ မေရီလန်းပြည်နယ် Walter Reed အမျိုးသားစစ်ဆေးရုံစင်တာတွင် ဆေးကုသမှုခံယူခဲ့ကြောင်း ၎င်း၏မိသားစုဝင်က ပြောကြားခဲ့သည်။

ကောလင်းပါဝဲလ်သည် အမေရိကန် သမိုင်းတွင် သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး၊ အမေရိကန်စစ်တပ် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌနှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်သည့် လူမည်းအမျိုးသားတစ်ဦး ဖြစ်သည်။ ကောလင်းပါဝဲလ်သည် ၁၉၈၇ ခုနှစ် ဒီဇင်ဘာ မှ ၁၉၈၉ ခုနှစ် ဇန်နဝါရီတွင် သမ္မတ ရော်နယ်ရေဂင်၏ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်လည်းကောင်း ၊ ၁၉၈၉ ခုနှစ်တွင် ထိုစဉ်က သမ္မတ ဂျော့ချ် ဟားဘတ် ဝေါလ်ကာ ဘုရှ်လက်ထက်မှာ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌအဖြစ် လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် ဂျော့ချ် ဝေါလ်ကာ ဘုရှ် သမ္မတအဖြစ်ရွေးချယ်ခံရပြီးနောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း အမည်စာရင်းတင်သွင်းခြင်းခံခဲ့ရကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကောလင်းပါဝဲလ်သည် အီရတ်သို့ စစ်ဆင်နွဲရန် အယူအဆကို လက်ကိုင်ထားခဲ့သည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကောလင်းပါဝဲလ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အဖြူရောင်အမှုန့်များအား သက်သေအဖြစ် ထုတ်ပြခဲ့ရာ အီရတ်တွင် အများအပြားသေကြေပျက်စီးနိုင်သည့် လက်နက် တီထွင်ထုတ်လုပ်နေသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် မကြာမီ အမေရိကန်တပ်များ အီရတ်သို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့သည်။ သို့သော် ယင်းလက်နက်မျိုး အီရတ်တွင် အမှန်တကယ်ရှိကြောင်းကိုမူ ယနေ့အထို သက်သေမပြနိုင်ဖြစ်ခဲ့သည်။ နှစ်အချို့ကြာပြီးနောက် ကောလင်းပါဝဲလ်က မီဒီယာမေးမြန်းမှုတွင် ကုလသမဂ္ဂညီလာခံ၌ ထိုစဉ်ကပြောကြားခဲ့သည့် စကားသည် တိကျမှုမရှိသည့် သတင်းအရင်းအမြစ်မှဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့ရာ ယင်းအကြောင်းအရာသည် ၎င်း၏ဘဝတွင် အမည်းစက်ဖြစ်ခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(国际)美国首位黑人国务卿鲍威尔因新冠并发症去世
2021-10-18 23:43:19
新华社华盛顿10月18日电美国首位黑人国务卿科林•鲍威尔的家人18日在社交媒体上说,鲍威尔因感染新冠病毒引发的并发症于当天早晨去世,终年84岁。
鲍威尔的家人说,鲍威尔此前已完全接种新冠疫苗,去世前在位于华盛顿附近的马里兰州沃尔特•里德国家军事医学中心接受治疗。
鲍威尔是美国历史上第一位出任总统国家安全顾问、美军参谋长联席会议主席和国务卿的黑人。鲍威尔1987年12月至1989年1月任里根总统的国家安全顾问;1989年被时任美国总统老布什任命为参谋长联席会议主席;2000年小布什在总统大选中获胜后,提名鲍威尔为国务卿。
国务卿任内,鲍威尔主张发动伊拉克战争。2003年2月,鲍威尔在联合国安理会会议上拿出一管白色粉末作为“证据”,声称伊拉克正在研制“大规模杀伤性武器”。此后不久,美军入侵伊拉克。然而,美国至今未能证实伊拉克确实拥有这类武器。
鲍威尔数年后在媒体采访中承认,他在联合国会议上的那次发言源自不确切的情报信息,是他的人生“污点”。(完)
图说1:这是鲍威尔2004年7月28日在埃及首都开罗回答记者提问的资料照片。新华社记者 金林鹏 摄
图说2:10月18日,在美国首都华盛顿,美国国会大厦降半旗悼念前国务卿鲍威尔。新华社发(沈霆 摄)
图说3:10月18日,在美国首都华盛顿,白宫降半旗悼念前国务卿鲍威尔。新华社发(沈霆 摄)